ဆင်ခြင်နိုင်စွမ်းကိုကျော်လွန်
သန်းခေါင်ထိတိုင်အောင် လူးလိမ့်နေခဲ့ပြီနောက်တွင်တော့ နဉ်ယိုးအိပ်ပျော်သည်ဆိုရုံမျှသာအိပ်ပျော်ခဲ့သည်။ သူပြန်နိုးလာချိန်တွင်တော့ မနက်ခင်းနေရောင်က ပြတင်းပေါက်မှတဆင့်အိမ်ထဲရောက်နေပြီဖြစ်ပြီး ဘေးနားချထားသည့်ဖုန်းကလည်းအဆက်မပြတ်မြည်နေခဲ့သည်။
အိပ်ချင်စိတ်နှင့်တိုက်ခိုက်ပြီး ဖုန်းကိုဖြေဆိုလိုက်တော့ လီကျောင်း၏ကြည်လင်သည့်အသံက ဖုန်းတစ်ဖက်မှထွက်ပေါ်လာသည်။
"ကောင်းသောမနက်ခင်းပါ"
"ဩ"
နဉ်ယိုးကနှာခေါင်းသံနှင့်ပြန်ဖြေလိုက်သည်။ အလွန်အမင်းအိပ်ချင်နေတာကြောင့် သူလတ်တလောစကားပြောချင်စိတ်မရှိပေ။
" ဧည့်လမ်းညွှန်နဲ့ဆွေးနွေးကြည့်ပြီးပြီ"
လီကျောင်းကပြောသည်။
"ဒီနေ့ကရာသီဥတုကြောင့် ရဟတ်ယာဉ်ပျံသန်းခွင့်မပြုဘူးတဲ့"
တကယ်ပဲ။
နဉ်ယိုးမအံ့ဩမိပေ။ ဟန်းနက်စ်ရေကန်၏ပတ်ပတ်လည်တွင်က မြင့်မားသည့်တောင်ထွဋ်တွေဝန်းရံထားတာဖြစ်ပြီး၊ view point ကိုသွားဖို့တစ်ခုတည်းသောနည်းလမ်းက မြေပြိုသည်ဆိုသည့်လမ်းကနေသွားဖို့ပင်။
လီကျောင်းကမြေပြိုသည့်သတင်းကြားပြီးသည်နှင့် ရဟတ်ယာဉ်စီစဉ်ကာ နဉ်ယိုးကို view point ကနေရဟတ်ယာဉ်နှင့်ခေါ်ထုတ်သွားဖို့စီစဉ်ခဲ့သည်။
သို့ပေမယ့် သူ့ရဲ့အစီအစဉ်ကမဖြစ်မြောက်ခဲ့ပေ။ ဟန်းနက်စ်ရေကန်နားတစ်ဝိုက်ရှိ ပထဝီမြေပြင်ဧရိယာက ရဟတ်ယာဉ်ပျံသန်းဖို့မသင့်တော်တာကြောင့်ပင်။
မြို့တော်မှလူတွေက ဟန်းနက်စ်ရေကန်ကိုလာလည်သည့်အကြောင်းအရင်းက ရေကန်၏ပတ်ဝန်းကျင်တစ်ဝိုက်ရှိ နတ်ပြည်တမျှမြူတွေကိုကြည့်ရင်း မနက်ခင်းတိမ်ပင်လယ်အောက်မှရေကန်ကို ကြည့်ရှုခံစားရန်သာဖြစ်သည်။ သို့သော်လည်း ထိုအလှတရားကြောင့် ရဟတ်ယာဉ်တွေပျံသန်းလို့မရတာလည်းဖြစ်သည်။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...