38

3.7K 580 8
                                    

တံခါးဖွင့်ပေး

နဉ်ယိုးသာ ဟန်းနက်စ်ဒေသမှာ လေ့လာရေးစခန်းတစ်ခုတည်ဆောက်ချင်ပါလျှင် တူဗာရွာက အသင့်တော်ဆုံးနေရာပင်ဖြစ်၏။ ဒါပေမယ့်၊ ဒီကရာသီဥတုင လက်ရှိမှာအေးလွန်းနေတာကြောင့် ဌာနနေရာအတွက် အရင်ဆုံးငှားရမ်းထားပြီး နောက်မှသာ လေ့လာရေးအခြေအနေက လမ်းကြောင်းပေါ်ရောက်ပြီဆိုကာမှ စနစ်တကျပြန်လည်တည်ဆောက်မည်ဖြစ်သည်။

"မင်းကိုငါ့ရုံးခန်းငှားပေးလို့ရတယ်"

နဉ်ယိုးရဲ့တောင်းဆိုချက်ကိုကြားတဲ့အခါမှာ ခေါင်းဆောင်လင်းက စေတနာအပြည့်နှင့်ပြောလာခဲ့၏။

"မင်းဒီမှာ သိပ္ပံသုသေတနလာလုပ်ဖို့ ကြိုဆိုပါတယ်"

ဒေသခံတွေရဲ့သဘောထားကို နဉ်ယိုးမပူပန်ခဲ့ပါချေ။ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်နိုင်ဖို့ လေ့လာရေးလာလုပ်မည့်သူကို ကန့်ကွက်သူဟူ၍ မရှိခဲ့။

သူက လက်ထဲကတက်ဘလက်ကိုကြည့်ကာပြောလိုက်သည်။

"ကျွန်တော်တို့တွေအနေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ပြန့်ပွားနှုန်းနဲ့ ဘယ်လိုရောဂါမျိုးတွေဖြစ်တတ်ကြတယ်ဆိုတာကို အရင်ဆုံးနားလည်ထားဖို့လိုတယ်၊ ဒါကြောင့် တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ကို ကူညီပေးဖို့အကူညီတောင်းချင်ပါတယ်"

ခေါင်းဆောင်လင်းရဲ့သမီး၊ တိရိစ္ဆာန်ဆရာဝန် သောလန်ရှိနေတာကြောင့် ဒီပြဿနာက မြန်မြန်ပဲဖြေရှင်းလို့ပြီးသွားသည်။

နဉ်လုပ်ငန်းစုနည်းပညာဌာနရဲ့တာဝန်ခံအနေနှင့် နဉ်ယိုး ဒေသခံတွေ၊တာဝန်ရှိသူတွေနဲ့အတူ လေ့လာရေးလုပ်ငန်း၏ ပထမတစ်နှစ်အစီအစဉ်ကိုဆွေးနွေးခဲ့ကြသည်။ အစီအစဉ်အတိုင်းသာဖြစ်ပါက၊ နောက်နှစ်နွေဦး၌ လေ့လာရေးစခန်းက တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ‌ဒီဒေသတစ်ဝိုက်က တောရိုင်းတိရိစ္ဆာန်တွေကို စောင့်ကြည့်နိုင်တော့မည်ဖြစ်သည်။

"ဒါဆို ကျွန်တော့်အဖွဲ့ကို နောက်ရက်အနည်းငယ်အတွင်းလာကြဖို့ အကြောင်းကြားလိုက်ပါ့မယ်"

နဉ်ယိုးက အစည်းအဝေးကိုအပြီးသတ်လိုက်သည်။

"သူတို့ရောက်လာရင်တော့ နေရာထိုင်ခင်းပြဿနာအတွက် ခေါင်းဆောင်လင်းကိုပဲအပူကပ်ရတော့မယ်ဗျာ"

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now