28

5.2K 834 59
                                    

နတ်သက်ကြွေလာ

ကံကောင်းထောက်မစွာဖြင့်၊ နဉ်ယိုးရဲ့ မာတင်ဖိနပ်တွေက သားရေနှင့်လုပ်ထားတာဖြစ်တာကြောင့် "အမည်မသိအရည်"တွေ စွန်းသွားမှာတော့စိတ်ပူဖို့မလိုပေ။

သူက ဖိနပ်ထိပ်ဖျားပိုင်းကိုရေနှင့်ဆေးလိုက်ပြီး တစ်ချိန်လုံးမျက်နှာမည်းကြီးလုပ်ထားခဲ့သည်။ ထို့နောက် သစ်လုံးအိမ်ဘက်ကိုပြန်လျှောက်သွားလိုက်သည်၊ လီမုကိုတော့ လေလိုပင်သဘောထားပြီး တစ်ချက်မှမကြည့်လာခဲ့။

လီမုက သူ့နောက်လိုက်လာခဲ့ပြီး ရယ်ချင်ဟန်စွက်သည့်အသံနှင့်ခေါ်လာသည်။

"နဉ်ယိုး"

နဉ်ယိုးစကားပြန်မပြောချေ။ သူက သစ်လုံးအိမ်ထဲကနေ ခရီးဆောင်အိတ်ကြီးသယ်ပြီးပြန်ထွက်ဖို့ပြင်နေသည်။

"ဘယ်သွားမလို့လဲ"

လီမုက သူ့ကိုလက်မောင်းမှဆွဲထားသည်။

"လွှတ်ပေး၊ အိမ်ပြန်တော့မယ်"

နဉ်ယိုးက လီမုလက်ကိုခါချလိုက်ပြီး အိတ်ကြီးမနိုင့်တနိုင်နှင့် အပြင်ထွက်လာသည်။

လူတစ်ယောက်ကစိတ်တိုနေချိန်ဆိုရင် ဘာမဆိုဆုံးဖြတ်ချက်ချနိုင်သည်။ တောင်ပေါ်ကနေ ဒီခရီးဆောင်အိတ်သယ်ပြီး ပြန်ဆင်းရမှာလား။ ဘယ်လောက်ခက်မှာမို့လို့လဲ။

"စိတ်မဆိုးပါနဲ့"

လီမုက သူ့လက်ထဲကခရီးဆောင်အိတ်ကို လက်တစ်ဖက်တည်းနှင့်ဆွဲယူသွားသည်။

"မင်းအတွက်ခရီးတစ်ခါထွက်ဖို့ဆိုတာလွယ်မှမလွယ်တာ၊ အရင်ဆုံး ကောင်းကောင်းနားပါအုံး"

ခုလေးတင်ဆွဲယူခံလိုက်ရတဲ့ခရီးဆောင်အိတ်က တစ်စက္ကန့်အတွင်းမှာ ဝင်ပေါက်ကိုပြန်ရောက်သွားပြီဖြစ်သည်။ နဉ်ယိုး တစ်ဖက်လူရဲ့ခွန်အားကိုကြည့်ရင်း သူ့ကိုယ်သူပြန်တွေးမိသည်။ ဒါပေမယ့်... အခုချိန်က ခွန်အားချင်းယှဉ်နေရမည့်အချိန်မဟုတ်။

"အဲ့အိတ်ကြီးမလိုချင်တော့ဘူး!"

နဉ်ယိုး စိတ်တိုတိုနှင့်ပြောလိုက်ပြီး တစ်ဖက်လှည့်ကာ ဆက်သွားဖို့ပြင်လိုက်သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now