6

5.3K 864 49
                                    

လူ့ယဉ်ကျေးမှုအကြောင်းဆွေးနွေး

နဉ်ယိုး၏အဘိဓာန်ထဲတွင် အညစ်အကြေးစွန့်ခြင်းအပေါ်သုံးသည့်စကားလုံးက သုံးလုံးထက်မပိုချေ။

အိမ်သာကိုတတ်နိုင်သမျှ "သန့်စင်ခန်း" သို့မဟုတ် "ဆေးကြောခန်း" ဟုသာအလွန်ဆုံးသုံးတတ်ပြီး၊ အိမ်သာသုံးစက္ကူ၏ အခေါ်အဝေါ်ကလည်း ရံဖန်ရံခါ အခြေအနေပေါ်လိုက်၍ ယဉ်ကျေးကာ၊ ပါးစပ်သုတ်ဖို့သုံးရသည့်တစ်ရှူးကတော့ စက္ကူပဝါဟုခေါ်ဆိုရသည်ပင် ။

ယင်းကဲ့သို့ ယဉ်ကျေးသည့်စကားလုံးများကိုတစ်သက်လုံးသင်ယူခဲ့ရသည့်နဉ်ယိုးအတွက်တော့ ထိုအရာတွေကအရိုးထဲထိစွဲနေပြီးသားဖြစ်သည်။

သူက လီမုကိုစိတ်ရှုပ်ထွေးနေသည့်အမူအရာနှင့်ကြည့်လိုက်သည်။ နှစ်ယောက်သားမကြာခင်ခွဲခွာပြီးတာနှင့် တစ်သက်လုံးပြန်မဆုံကြမှာကိုသိနေသည့်တိုင် သူမပြောလိုက်ဘဲမနေနိုင်။

"မင်းကတောထဲမှာတစ်ယောက်တည်းနေတာဆိုရင်လည်း ယဉ်ကျေးမှုတော့ရှိသင့်တယ်မဟုတ်ဘူးလား"

"ယဉ်ကျေးမှု?" - လီမုက ဇဝေဇဝါဖြစ်ဟန်နှင့်ပြန်မေးသည်။ သူတောထဲမှာ လျှောက်သွားနေခဲ့တာ နေရာအတော်များများရောက်ခဲ့ပြီးဖြစ်သော်လည်း၊ တစ်ယောက်ယောက်က ယဉ်ကျေးမှုအကြောင်းပြောလာသည်ကိုတော့ ပထမဆုံးကြားဖူးခြင်းပင်။

.. ဒီသခင်မလေးက ‌တောရိုင်းဒေသနဲ့ပတ်သက်ပြီးဘာတွေအထင်လွဲနေတာလဲ။

သူက အတော်လေးကိုမှ အလေးထားဟန်နှင့်ပြန်မေးလိုက်သည်။

"ယဉ်ကျေးမှုဆိုတာဘာလဲလို့ ရှင်းပြပါလား"

ထိုမေးခွန်းက အလွန်တရာမှယေဘုယျဆန်ပြီး အဖြေပေး‌ဖို့ကတော့ခက်သည်ပင်။ နဉ်ယိုးအနေနှင့် ထိုမေးခွန်းအပေါ် နှိုက်နှိုက်ချွတ်ချွတ်ဖြေထားသည့် စာတမ်းတစ်စောင်မျှရေးပေးနိုင်သော်ငြား၊ လီမု၏အဆင့်အတန်းနှင့်ဆိုလျှင်တော့ အဲ့လောက်ထိလုပ်ရန်မလိုအပ်ဟု သူယူဆသည်။

"ယဉ်ကျေးမှုဆိုတာက လူမှုအဆင့်အတန်းရဲ့အဆင့်မြင့်ပုံစံတစ်ခုပဲ၊ ဥပမာပြောရရင် စာရေးတတ်စာဖတ်တတ်တဲ့သူဟာ အဆင့်အတန်းတစ်ခုရှိရုံပဲ၊ လူ့ကျင့်ဝတ်သိက္ခာတွေနဲ့ လူသားတွေကြားက စံနှုန်းသတ်မှတ်ချက်တွေကိုလိုက်နာမှသာ ယဉ်ကျေးမှုရှိတဲ့လူတစ်ယောက်ဖြစ်နိုင်မယ်"

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now