34

4.8K 691 0
                                    

စိတ်ကြီးမဝင်စမ်းနဲ့

ထိုညက နဉ်ယိုးကောင်းကောင်းမွန်မွန်မအိပ်ခဲ့ရပါချေ။ သူ့စောင်က လက်ငါးချောင်းတောင်ထက်တောင် ပိုပြီးလေးလံနေသလိုခံစားရကာ ခဏခဏအသက်ရှုကြပ်ပြီး နိုးလာတတ်သည်။

နောက်တစ်ရက်နိုးလာတော့ နဉ်ယိုး သူ့ဘေးမှာလူတစ်ယောက်ရှိနေတာကိုမြင်လိုက်ရ၏။ ထိုသူက တွန့်ကြေနေသည့်အနောက်တိုင်းဝတ်စုံကိုဝတ်ထားပြီး၊ သူ၏ချစ်လှစွာသော အဖိုးတန်စောင်လေးကိုခြုံထားသည်။

"လီမု!"

နဉ်ယိုး သွေးတွေဆူပွက်လာသလိုပင်။

"မင်း‌ ရေချိုးထားရဲ့လား၊ ငါ့အိပ်ယာထဲဝင်အိပ်နေတာ"

အိပ်ပျော်နေသည့်လူက ဆူညံသံကြောင့်နိုးသွားခဲ့ပြီး၊ မျက်မှောင်ကြုံ့ကာ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လာသည်။ နဉ်ယိုးကိုမြင်တော့ သူက ဇဝေဇဝါဖြစ်နေဟန်နှင့် အတန်ကြာတွေးနေခဲ့ပြီး၊ နောက်မှ သတိရသွားသလို ခေါ်လာခဲ့၏။

"မိန်းမ"

"ဘယ်သူကမင်းမိန်းမလဲ!?"

နဉ်ယိုး ခေါင်းကိုက်လာသလိုပင်။ သစ်လုံးအိမ်ထဲမှာနေစဉ်ကတောင်မှ ယာယီအိပ်ယာထဲကို အပြင်ဝတ်အင်္ကျီတွေနဲ့ သူအိပ်ယာထဲမဝင်ပါချေ။ အခုလိုမျိုး သူ့အိမ်ကအိပ်ယာထဲကို တခြားသူက အဝတ်မလဲဘဲဝင်အိပ်ဖို့ဆိုမပြောပါနှင့်တော့၊ ပြီးတော့ ထိုတခြားသူမှာ အရက်နံ့တွေကလည်းထွက်နေသေးသည်။

နောက်ပြီး၊ သူ့မျက်စိရှေ့ကထိုကောင်စုတ်လေးကို သူ့ယောက်ျားပါဟုလည်း သူဘယ်တော့မှဝန်ခံမှာမဟုတ်ပါချေ။

"မဟုတ်ဘူးလား"

လီမုက မကျေနပ်သည့်အသံနှင့်ပြော၏။

"ကိုယ်‌တို့ ဒီနေ့တစ်ခုခုလုပ်သွားလုပ်ဖို့ သဘောတူထားတာမဟုတ်ဘူးလား"

"မဟုတ်ဘူး"

နဉ်ယိုးက အိပ်ယာထဲကနေထွက်ရင်းပြောသည်။

"မင်းအိမ်မက်မက်နေတာ"

လီမုရဲ့စိတ်က သိပ်တော့မရှင်း‌လင်းသေးပေ။ မနေ့ညကစကားက အိမ်မက်လား၊ တကယ်ဖြစ်ခဲ့တာလားဆိုတာ သူပြန်စဉ်းစားနေရသည်။ သူက နဉ်ယိုးနောက်ကိုလိုက်သွားပြီး ကျောဘက်မှဖက်လိုက်ကာပြော၏။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now