The end of marriage life

4.2K 74 17
                                    

"ငါတို့ နှစ်ယောက်ကွာရှင်းကြမယ် စျာန်လင်းခေတ်"

ကုတင်ပေါ်သို့ ပစ်တင်လိုက်သော စာချုပ် ဖိုင်လေးနှင့်အတူ ထိုယောကျာ်း နှုတ်မှ ရုတ်တရက် ထွက်လာသော စကားကြောင့် စျာန်လင်းခေတ် အံ့သြမိသွားလေသည်

ထိုယောကျာ်း ရဲ့ အကျင့်က သူ မိမိအပေါ်စိတ်မကြည်တဲ့အချိန်တွေဆို နာမည်အပြည့်စုံကိုခေါ်တတ်သည် မဟုတ်လား

ယခု နှစ်ယောက်သားအဆင်ပြေနေရင်းကနေ ရုတ်တရက် ပြောထွက်လာသော စကားကြောင့် စျာန်လင်းခေတ် အရာအားလုံးကိုနားမလည်နိုင်ဖြစ်သွားမိတာအမှန်ပင်

မွေးယာပေါ်ပစ်တင်ပေးလိုက်သော လက်ထပ်စာချုပ်အား စျာန်လင်းခေတ် စိုက်ကြည့်လိုက်ကာ

"ဒါ ဘာကိုဆိုလိုတာလဲ မာန်ဝင့်ထည် မင်းဘာတွေထပ်ဖြစ်ပြန်ပြီလဲ.."

စျာန်လင်းခေတ် ထိုယောကျာ်း ရဲ့ မျက်နှာကို ပြန်ကြည့်လိုက်တော့ အားငယ်သည့် ပုံရိပ်ကိုမြင်တွေ့လိုက်ရလေသည်

ဒီနှစ်ပိုင်းတွေထဲ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်များကနေ အိမ်မက်လို ပျောက်ကွယ်သွားပြီးချိန်မှ အခု ပြန်ပြီး အဆင်ပြေကြတော့မယ့်အခြေနေမှာမှ သူ့ဘက်က ကွာရှင်းဖို့ကို တောင်းဆိုလာသည်တဲ့လား

"မင်းပြောခဲ့တဲ့ စကားအတိုင်း ငါဖြည့်ဆည်းပေးတာလေ အခုကလေးတွေလဲ နည်းနည်းကြီးလာပြီဆိုတော့ မင်းလဲ မင်းဘဝအတိုင်းရှင်သန်....

ငါတို့စကားအတိုင်းပဲလေ ကလေးတွေလဲအရွယ်မရောက်သေးခင် ကွာရှင်းဖို့က..."

*ဖြန်း*

"အခုချိန်မှာတောင် ဒီစကားကို မင်းပြောထွက်နိုင်သေးတယ်နော် မာန်ဝင့်ထည်.....

ငါ့ဘဝကို ကျောင်းသားအရွယ်ကတည်းက သေအောင်လုပ်ခဲ့ပြီးတော့ အခုငါပြန်ရတာက ဒီစကားတဲ့လား ဟမ် ခွေးကောင်..!"

စျာန်လင်းခေတ် ရဲ့ မျက်နှာတွင်လဲ ဒေါသထွက်နေသည့်အပြင် ဝမ်းနည်းမျက်ရည်များပါ စို့နေပြီဖြစ်သည်

"ဒီကြားထဲ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ငါ့အပေါ် နောင်တတောင်မရပဲ....ဘာ...ကွာရှင်းမယ် တဲ့ ဟုတ်လား..? ဟင့်"

ZARNWhere stories live. Discover now