Episode 26

941 21 9
                                    

မွှေးပျံလာသော အမည်မသိပန်းရနံ့များနှင့်အတူ စက်အာဏာရှိန်း နိုးထလာမိလေသည်

အချိန်အကြာကြီးအိပ်မိလို့နှင့်တူပါသည် မျက်လုံးများကျိန်းစပ်နေသောကြောင့် အလင်းအားအသားရအောင် မျက်လုံးများအားဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း......

"ဒေလီပန်း....?"

ပန်းများအားမနှစ်သက်သော စက်အာဏာရှိန်း အဖို့ မျက်စိရှေ့တွင်မြင်နေရသော ဒေလီပန်းခင်းကြီးသည် စိတ်လှုပ်ရှားစရာမကောင်းပေ

"အများကြီးပဲ....ဒါပေမယ့် ငါမှ ပန်းတွေကိုမချစ်တာ....."

ပန်းခင်းကြီးထက် နှာခေါင်းတရှူံ့ရှူံ့လုပ်ကာလျှောက်လာရင်း သေချာကွဲလာမိသည်က....

"ဒါ...သေချာပေါက်ပန်းအနံ့မဟုတ်ဘူး....?"

လျှောက်လာရင်း လမ်းဆုံလေးတစ်ခုအားတွေ့လိုက်ရင်း စက်အာဏာရှိန်းလမ်းပျောက်သလိုခံစားလာရမိသည်

"ဘယ်ကိုသွားရမှာလဲ.....ဟင်း.....!!"

ထို့နောက်အကြံတစ်ခုရလာမိသည်က

"ဟုတ်ပြီ....ဒီအနံ့နောက်ကိုလိုက်ရမယ်...."

ရင်းနှီးသလိုလိုဖြစ်သော ထိုရနံ့သည် စက်အာဏာရှိန်းအား သူ့ဆီလာဖို့ဆွဲဆောင်နေသလိုလိုပင်

"ဟုတ်ပြီ....ဒီဘက်ပဲ....!!"

ထိုရနံ့သည် ညာဘက်လမ်းချိုးလေးမှလာသည်ဖြစ်တာကြောင့် စက်အာဏာရှိန်း ညာဘက်လမ်းလေးအား ချိုးဝင်ခဲ့လေတော့သည်

ပန်းခင်းကြီးအား ဘယ်လောက်ကြာအောင်ဖြတ်လာမိလဲတော့မသိပါ....
အချိန်အားဖြင့် မိနစ်၂၀ဝန်းကျင်ခန့်ရှိနေလေပြီ

"ဟူး....မောလိုက်တာ....ချွေးတောင်စို့လာပြီ.....!!"

လူသူရှင်းနေသော လမ်းလယ်ခေါင်ကြီးတွင် စက်အာဏာရှိန်း အမောဖြေနေရင်း  အ‌ရှေ့ကိုပြန်ကြည့်မိလိုက်တော့......

"ဟင်....အိမ်တစ်လုံး.....!!"

ရုတ်တရက် မြင်လိုက်ရသော နှစ်ထပ်အိမ်ကြီးကြောင့် စက်အာဏာရှိန်းအတိုင်းမသိဝမ်းသာမိသွားသည်

"အနံ့ကဒီကလာတာပဲနေမယ်....!!"

ပန်းတိုင်ကိုရှာတွေ့သွားသော မာရသွန်ပြိုင်ပွဲဝင်ကဲ့သို့ ပန်းတိုင်သို့ရောက်အောင် စက်အာဏာရှိန်းခပ်သွက်သွက်လျှောက်လာမိလေသည်....

ZARNWhere stories live. Discover now