Episode 17 (part 2)

1.1K 30 7
                                    

"မင်းတို့နေဖို့ အိမ်က ဒီအပတ်လောက်ဆိုအကုန်အဆင်သင့်ဖြစ်နေပါပြီ Nelson!!"

ထိုအခါ မာန်ဝင့်ထည် စီးကရက်အား တစ်ချက်ဖွာလိုက်ရင်း

"အင်း....ဟုတ်ပြီ Lewis.... ပြီးရင် Venus ရုပ်ရှင်ထုတ်လုပ်ရေးက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ကမ်းလှမ်းတယ်ဆို...."

"အင်းဟုတ်တယ် အဓိကကတော့ မင်းရဲ့ Product ကို Sponsor လိုချင်တာ....ပြီးရင် အခုသူတို့ရိုက်ဖို့လုပ်နေတဲ့ ကားမှာ စိုပြေမင်းခန့်က အဓိကဇာတ်ဆောင်တဲ့လေ...."

"ဟက်.....စိုပြေမင်းခန့် ဆိုမှ Alcus နဲ့မတွေ့ရတာတောင်ကြာနေပြီ.....အာ...ဒါနဲ့ ခဗျားနဲ့ သိမ့်တို့ကိစ္စကရော ဘယ်လိုလဲ...?"

"သူ့မှာ ကိုယ်နဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီ Nelson..."

ထိုအခါ မာန်ဝင့်ထည် Lewis အား အံ့သြသည့်ပုံစံဖြင့် ကြည့်လာကာ

"ဟက်...ဘယ်လိုဖြစ်တာတုန်း!!! မြန်လှချည်လား...ရုတ်တရက်ဆန်သွားသလိုပဲ..."

"အင်းဟုတ်တယ်....ကိုယ်လဲ ဒီကြားထဲ မင်းလဲတခြားကိစ္စတွေနဲ့အလုပ်ရှူပ်နေတော့ မပြောဖြစ်တာ...သူ့အိမ်ကတော့ ကိုယ်နဲ့သဘောမတူမှာကြောက်လို့လားမသိဘူး...နွေဦးက မပြောရဲဘူးဖြစ်နေတယ်..."

"ဒီလိုတော့ ဘယ်ရမလဲ Lewis ရ.... ကျွန်တော် ခဗျားကို   သိမ့်ဆီသွားပြီး....လူကြီးချင်းစကားပြောပေးမယ်......တစ်ခါတည်းပါ တင်တောင်းပေးမယ် ဟုတ်ပြီလား....!!"

မာန်ဝင့်ထည် စကားကြောင့်  Lewis ဝမ်းသာမိပေမယ့် မိမိချစ်ရတဲ့ နွေဦးဆိုတဲ့အမျိုးသမီးလေးကတော့ မိမိအားဘယ်လိုသဘောထားလဲဆိုတာကိုတော့ Lewis မသိပေ
ဘာပဲဖြစ်ဖြစ် ခေါင်းတော့ညိတ်ထားလိုက်မည်ဟု တွေးလိုက်ကာ

"အဲ့တာဆို ကိုယ့်ဘက်ကကျေးဇူးတင်မိမှာပေါ့ Nelson ရာ....."

နှစ်ယောက်သား စကားလတ်စပြတ်သွားတုန်းမှာပဲ Lewis စိတ်ထဲ တွေးစရာဖြတ်ခနဲတစ်ခုဝင်လာတာကြောင့်

"အာ...ဒါနဲ့ မင်းအခုနေမယ့်နေရာက အရမ်းမြို့စွန်ကျတယ်နော် Nelson....ဒီလိုမြို့ထဲ ရုံးသွားရုံးပြန်ဆိုရင်တောင် အသွားကြီးပဲ ၂နာရီဝန်းကျင်ရှိတယ်....အဆင်ပြေပါ့မလား....?"

ZARNWhere stories live. Discover now