Episode 19

1.1K 27 6
                                    

စျာန်လင်းခေတ် ဟိုတွေးဒီတွေးစဥ်းစားနေရင်း အိပ်မပျော် စိတ်ထဲ မိမိဘဝရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို တွေးရင်း စိုးရိမ်နေရလေသည်

Riel ဆိုသောသူနှင့် တိုင်ပင်ထားသည့် ကိစ္စအားအကောင်ထည်ဖော်ရမှာမို့ ဒီကြားထဲမာန်ဝင့်ထည်အား အချိုသတ်ပြီး ပေါင်းထားရဦးမည်ဖြစ်သည်

ထို့ကြောင့် ခေါင်းအုံးအောက်မှ USB stick လေးအားကိုင်နေရင်း အတွေးများစွာဝင်လာလေသည်

*မင်္ဂလာပွဲနေ့မှာသာ ဒါကိုချပြလိုက်ရင် မာန်ဝင့်ထည် လူသတ်လိုက်တယ်ဆိုတဲ့ သတ်သေက အတိကျဖြစ်လောက်အောင် ငြင်းလို့မရတော့ဘူး

ဒါမှဒီကောင်ငွေဘယ်လောက် သုံးသုံး ဥပဒေလက်ကပြေးမလွတ်တော့မှာ....ဒီကောင်မရှိတဲ့နောက်ပိုင်းမှ ငါဒီကောင်နဲ့ဝေးရာကိုထွက်ပြေးရမယ်..........

အခုချိန်မှာ ဘယ်သူ့မှငါ့ကိုမကယ်နိုင်တော့ဘူး.....ကိုယ့်ဟာကိုယ်ရုန်းထွက်မှရမယ်...*

ထိုအချိန်

*Knock*

"ဘယ်သူလဲဟ ဒီအချိန်ကြီး!!"

အပြင်ဘက်က လာခေါက်သော တံခါးသံကြောင့် စျာန်လင်းခေတ် USB stick လေးအား ခေါင်းအုံးစွပ် ထဲသို့ပြန်ထည့်လိုက်၍ ကုတင်ပေါ်မှဆင်း၍ တံခါးနားသို့သွားလိုက်ကာ

"ဘယ်သူလဲ...!?"

"ကိုယ်ပါ...!!"

အသံကြားလိုက်တော့ ထုံးစံအတိုင်းဘယ်သူလဲသိတာမို့ မျက်မှောင်ကြုတ်ကာ တံခါးအားဖွင့်ပေးလိုက်လေသည်
ဘာပဲဖြစ်ဖြစ် မာန်ဝင့်ထည် အားအချိုသတ်ပြီးဆက်ဆံဖို့ စဥ်းစားထားသည်မဟုတ်လား...?

ထို့နောက် တံခါးအားဖွင့်ပေးလိုက်၍

"ဒီအချိန်ကြီးဘာလုပ်ဖို့တုန်း မာန်ဝင့်ထည်...!!"

စျာန်လင်းခေတ် မာန်ဝင့်ထည်အားကြည့်လိုက်တော့ လက်ထဲတွင် ခေါင်းအုံးတစ်လုံးအားသယ်လာ၍ မိမိအား ပြုံးလျက်ကြည့်ကာ

"မင်းနဲ့အတူအိပ်မလို့လေ အိမ်သူ...ဘာပဲဖြစ်ဖြစ် ကိုယ်တို့ကလက်ထပ်ကြတော့မှာပဲမလား..."

"မင်း...!"

မိမိစကားဆုံးတာကိုမစောင့်ပဲ အခန်းထဲကို ဝင်သွားကာ ထိုယောကျာ်း သည် သူ့ခေါင်းအုံးအား ကုတင်ပေါ်တွင် တင်လိုက်ပြီး ထိုင်လိုက်ကာ

ZARNWhere stories live. Discover now