Episode 25

1K 18 6
                                    

"ကလေးကအမြွှာပူးလေးနော်.....ယောကျာ်းလေးနဲ့မိန်းကလေး နှစ်ယောက်လုံးတွဲရတာပဲ.....ကံကောင်းလိုက်တာ.....!!"

"ဗျာ....အိမ်သူ!!! အမြွှာလေးတဲ့....!!"

ဆရာဝန်မလေး၏ ဝမ်းသားအားရထပြောလိုက်သောစကားသည် မာန်ဝင့်ထည် နှင့် စျာန်လင်းခေတ် ဆီသို့ပါအပျော်ကူးစက်သွားလေသည်......

စျာန်လင်းခေတ် မိမိအားတင်းကြပ်စွာဖက်ထားသော ထိုယောကျာ်း၏ ခေါင်းအားတစ်ချက်ခေါက်လိုက်ပြီး

"ဒေါက်တာမလေး ရှိနေတာတောင်....နည်းနည်းမရှောင်ဘူး.....ဒီကောင်တော့...!!"

ထိုအခါ ဒေါက်တာမလေးလဲ မိမိတို့နှစ်ယောက်သားအားကြည့်ကာပြုံးနေရင်း.....

"နှစ်ယောက်သားက ကံကောင်းလိုက်တာနော်......ဒီလိုမျိုးလက်ထပ်ထားတဲ့အပြင်.....ကလေးကလဲအမြွှာလေး.....အားကျလိုက်တာရှင်!!"

စျာန်လင်းခေတ် ကတော့ တည့်တိုးပြောတတ်သော ထိုဒေါက်တာမလေးကြောင့် ပိုပြီးရှက်သွေးဖြန်းလာလေသည်

"ဟို.....အဲ့တာဆို နှစ်ယောက်သားခဏစကားပြောနှင့်နော်......ကျွန်မဟိုဘက်ခန်းကလူနာလေးတစ်ချက်သွားကြည့်လိုက်ဦးမယ်..."

"ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်ဗျ.....!"

ဒေါက်တာမလေး ထွက်သွားပြီးနောက် စျာန်လင်းခေတ် မိမိအားတင်းကြပ်စွာဖက်ထားရင်း ငြိမ်သက်နေသော ထိုယောကျာ်း၏ ကျောပြင်အားတစ်ချက်ပုတ်လိုက်ရင်း...

"မာန်ဝင့်ထည်....ဘာလို့ငြိမ်နေတာလဲ....? မင်း...သဘောမကျလို့လား....!!"

ထိုအခါ ထိုယောကျာ်းရဲ့လက်များသည် မိမိလက်များအားဆုပ်ကိုင်လာပြီး ဝဲတက်ကာ နီရဲနေသောမျက်နှာလေးဖြင့် မိမိဆီသို့စိုက်ကြည့်လာ၍

"ကိုယ်မင်းကိုဘယ်လိုတောင် ကျေးဇူးတင်ရမလဲမသိလို့ပါ....အိမ်သူရာ....ကိုယ်အမြဲတမ်းမင်းအပေါ်ဆိုးခဲ့ပေမဲ့......မင်းကတော့ ကောင်းတဲ့အရာတွေချည်းပဲ ကိုယ့်ကိုပြန်ပေးတယ်......"

စျာန်လင်းခေတ် ထိုယောကျာ်း၏ မျက်နှာသို့လက်တင်လိုက်ကာ ပါးပြင်အား ခပ်ဖွဖွပွတ်သပ်လိုက်ရင်း

ZARNWhere stories live. Discover now