Episode 24 (Part 3) ⛔

1.6K 15 2
                                    

"မာန်ဝင့်ထည်....?"

နှစ်ယောက်သား အဝေးပြေးကားဂိတ်မှအပြန် ကားပေါ်တွင် တိတ်ဆိတ်လို့နေသည်
မာန်ဝင့်ထည် မျက်နှာသိပ်မကောင်းတာကြောင့် စျာန်လင်းခေတ် အလွန်ပင်နေရခက်နေတာမို့....မိမိဘက်ကပင်စကားစလိုက်လေသည်

"အင်း...ပြောလေ...အိမ်သူ...?"

"မင်းငါ့ကို စိတ်မဆိုးဘူးလား....!"

"........."

'မိမိစကားအားထိုယောကျာ်းပြန်မဖြေပါ

"မာန်ဝင့်ထည်....! ငါမေးတာပြန်မဖြေဘူးလား...?"

"အမှန်တိုင်းပြောရမှာလား...? အိမ်သူ..!"

"အင်းဟုတ်တယ်...ပြော..."

"ဆိုးတယ်....ကိုယ့်နားကနေ ဒီလိုမျိုးထွက်သွားဖို့လုပ်တဲ့မင်းကို...ကိုယ်အရမ်းစိတ်ဆိုးတယ်...!

ဒါပေမယ့်...ဘယ်လိုလုပ်ရမလဲ...မင်းကို၅မိနစ်ကလွဲပိုပြီးစိတ်ဆိုးလို့မရဘူးဖြစ်နေတယ်....!"

မာန်ဝင့်ထည် စကားကြောင့် စျာန်လင်းခေတ် မာန်ဝင့်ထည်အား ကြည့်နေရာမှ လွှဲလိုက်ကာ

"မင်းလက်ခံပေးနိုင်လား...? ကိုယ်နဲ့လက်ထပ်မယ့် ယောကျာ်းတစ်ယောက်က...လက်ထပ်ခါနီးမှ....အဆက်ဟောင်းဆီသွားဖို့လုပ်တာကိုလေ...?"

".........."

စျာန်လင်းခေတ် စကားကြောင့် မာန်ဝင့်ထည်ငြိမ်သက်သွားသည်မို့

"တွေ့လား!! အင်းပေါ့လေ...ငါလဲမင်းနေရာမှာဆို...ဒီလိုပဲဖြစ်မှာပဲ....!"

"အိမ်သူရယ်....မင်းကိုသာ လက်မခံချင်ရင်...ကိုယ်တစ်ညလုံးမအိပ်ပဲစောင့်နေပါ့မလား...?

တစ်ခုတော့စိတ်ဆိုးမိတယ်....မနက်ကဖိတ်စာတွေသွားပေးခိုင်းပြီး....မင်းစားချင်တဲ့ကြက်ဥခေါက်မုန့်လေးရဖို့ကို....ကိုယ့်မှာ အကြာကြီးစောင့်နေခဲ့ရတာ.....!!

ပြီးရင်...အရင်ကမင်းနေခဲ့တဲ့အိမ်လေးမှာ ကိုယ်အိပ်ပျော်သွားမိတယ်...ဟက်...ညနေစောင်းမှာနိုးလာတယ်ကွာ.....နောက်ကိုယ်လဲအိမ်ပြန်ရောက်တော့...မင်းဒီလိုထွက်သွားတယ်ဆိုတာကိုတန်းသိတော့တာပဲ...!"

"..........."

သူတစ်နေ့တာဖြစ်ပျက်သွားတာလေးတွေအား ပြုံးကာပြောပြနေသော ထိုယောကျာ်းအား ငေးကြည့်ရင်း စျာန်လင်းခေတ် ပြုံးမိသွားလေသည်

ZARNWhere stories live. Discover now