Episode 15 ( Part 1)

1.1K 23 5
                                    

"ငယ် ငယ်လို့...!"

ဘေးနားက မိမိအား လှုပ်နှိိုးလိုက်သော လူတစ်ယောက်ကြောင့် စျာန်လင်းခေတ် မျက်လုံးများအား အားယူကာဖွင့်ကြည့်မိလိုက်သည်

"နောက်ဆုံးတော့ သတိရလာပြီပဲ..."

မိမိ ပြန်နိုးလာခြင်းအား ပျော်ရွှင်သွားကာ မိမိရဲ့ ဆံပင်လေးများအား ပွတ်သတ်ကာ အကြင်နာအကြည့်များဖြင့် ကြည့်နေသော သူသည် တစ်ခြားသူမဟုတ်ပါ

"မာန်....မာန်ဝင့်ထည်...?"

"အင်း ဟုတ်တယ်....ငယ့်ရဲ့ အချစ်ဆုံးယောကျာ်း မာန်ဝင့်ထည်လေ....."

စျာန်လင်းခေတ် ပြုံးလိုက်ကာ ထထိုင်လိုက်၍ မာန်ဝင့်ထည် အား တင်းကြပ်စွာဖက်ထားလိုက်သည်

"ငါ....ငါမင်းကိုအရမ်းသတိရနေခဲ့တာ....."

မိမိစကားကြောင့် ထိုယောကျာ်း သည် မိမိ၏ ဆံပင်လေးများအား နမ်းရှိူက်လိုက်ကာ သူ့လက်များဖြင့်ထိုးဖွလိုက်ပြီး

"ဒီနေရာမှာ .....မောင်နဲ့ ငယ်ပဲရှိတာ.....မောင်တို့ကြားကိုဘယ်သူ့မှခွဲလို့မရတော့ဘူး....ဟုတ်ပြီလား..."

မာန်ဝင့်ထည် စကားကြောင့် စျာန်လင်းခေတ် ဘေးပတ်ဝန်ကျင်အား ကြည့်လိုက်တော့ နေကြာပန်းများ....က တစ်ခြမ်း တစ်ဖက်တွင်  lavender  ပန်းများက တစ်ခြမ်း မိမိတို့နှစ်ယောက်ကတော့ ထိုပန်းများရဲ့ ကြားက ကုတင်လေးတစ်လုံးပေါ်တွင် ရောက်နေခြင်းဖြစ်သည်

"ငယ်က တစ်ယောက်တည်းထွက်သွားတာကို.....မောင်က အဲ့တာကြောင့်နောက်က လိုက်ခဲ့တာ..."

မာန်ဝင့်ထည် ၏ မျက်နှာတွင် မိမိမနှစ်မြို့သော ခက်ထန်သည့် မျက်နှာထား မရှိပဲ ထိုယောကျာ်း နှင့်လိုက်ဖက်လွန်းလှအောင် ပြုံးနေသည်မှာ စျာန်လင်းခေတ် ၏ ရင်ခုန်သံများအား မြန်လာစေသည်

စျာန်လင်းခေတ် မျက်ရည်များဝဲတက်လာကာ ထိုယောကျာ်း ၏ ပါးပြင်ကို မိမိလက်များဖြင့်ကိုင်လိုက်ကာ

"အဲ့အတိုင်းလေးပဲ အမြဲပြုံးနေပါလား မာန်ဝင့်ထည်.......ငါမင်းရဲ့ အဲ့အပြုံးတွေကိုအရမ်းချစ်တာ..."

မိမိစကားကြောင့် ထိုယောကျာ်း သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး....

ZARNWhere stories live. Discover now