Episode 10 (Part 1)

1.4K 36 5
                                    

သျှင်ရဲထွဋ် နဲ့ စျာန်လင်းခေတ် မနက်ပိုင်း Breakfast မျက်နှာချင်းဆိုင်စားနေသော်လည်း စကားတစ်ခွန်းမှမပြောပေ....

အရင်ရက်တွေကဆို မိမိက စကားမပြောရင်တောင် ကြံဖန်စကားတွေရှာပြောကာ ဟာသအမြဲလုပ်တတ်သော အစ်ကိုသည် ဒီနေ့တော့ ဖုန်းကိုသာ ကြည့်ကာ Coffee အားသောက်နေလေသည်

ထို့ကြောင့် စျာန်လင်းခေတ် လဲ မနေနိုင်တော့တာမို့...

"အစ်ကို ဒီနေ့ ကော်ဖီစေ့တွေသွားမဝယ်ဘူးလား..? ပြီးရင် ကျောင်းအော်ဒါတွေကောရှိလား..?"

"ဒီနေ့ စနေနေ့လေ ညီ ကျောင်းပိတ်တယ်....ပြီးရင် အစ်ကိုက ဘယ်တုန်းက ဒီလို ပိတ်ရက်တွေဆို စျေးသွားဝယ်လို့လဲ..."

တည်ငြိမ်စွာဖြင့် ပြောလိုက်သောစကားသည် မိမိဆီသို့ အာရုံမစိုက်တာကြောင့် စျာန်လင်းခေတ် စိတ်မကောင်းဖြစ်မိသွားတာအမှန်ပင်....

အစ်ကို ဒါမျိုးလုပ်တာက အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်လား.....
ချစ်သူဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး  စျာန်လင်းခေတ် ဘက်က စိတ်ဆိုးစိတ်ကောက်ခဲ့တာ  ရှိခဲ့သော်လည်း အစ်ကိုက ဒီလိုမျိုး စိတ်ကောက်တာ ပထမဆုံးမဟုတ်လား...

"ညီ့ကို စိတ်ဆိုးနေတာလား...? ညီတောင်းပန်ပါတယ်...ဒီလိုကြီးမနေပါနဲ့နော်..."

မျက်နှာလေး ညိုးပြီး အသံလေးနိမ့်ကာ ပြောလိုက်သော အစ်ကိုက မိမိဘက်အား တစ်ချက်ပြန်ကြည့်လာကာ ဖုန်းကိုသာ ပြန်အာရုံစိုက်လိုက်၍

"စိတ်ဆိုးတယ်ဆိုရအောင်....ညီက ကိုယ့်အပေါ် အမှားတွေလုပ်ထားတာများရှိလို့လား...?"

"မဟုတ်ပါဘူး ညီက ကျောင်းအော်ဒါတွေရှိတယ်ထင်လို့ပါ.....မေးကြည့်တာပါ...ဒါဆို...ဒီနေ့ဆိုင်ကိုဘယ်အချိန်သွားမလဲ အစ်ကို..."

"၁၀နာရီလောက်မှ သွားမလို့...! ဖိတ်စာအတွက် ဒီဇိုင်းသွားယူရဦးမယ် ခဏနေကြရင်....."

"ဟုတ်လား....အဲ့တာဆို ကောင်းတာပေါ့ ညီလဲ...လမ်းကြုံလိုက်ခဲ့မယ်လေ..."

"လမ်းကြုံ...? ဘယ်ကိုလဲ...?"

"အလုပ်သွားရှာကြည့်မလို့ပါ အိမ်မှာပဲနေရတော့  ပျင်းလာလို့ပါ... မနေ့က သူငယ်ချင်း တစ်ယောက်လုပ်နေတဲ့....Company တစ်ခုက ရုံးပိုင်းမှာ လူလိုတယ်ဆိုလို့ပါ....အဲ့တာ ဒီနေ့ သူ့ဆီ CV ဖောင်သွားပေးမလို့..."

ZARNWhere stories live. Discover now