Episode 5 🚨🚨

3.2K 43 8
                                    

စျာန်လင်းခေတ် အိပ်ယာကနိုးလာတော့ ခန္ဓာကိုယ်များက ကိုင်ရိုက်ထားသလို နာကျင်နေသည့်အပြင် အောက်ပိုင်းတစ်ခုလုံးမှာလဲ ကိုက်ခဲနေပေသည်

ထထိုင်ဖို့ကို မနည်းအားယူကာ ထလိုက်ပြီး ကိုက်ခဲနေသော ခေါင်းအား လက်မဖြင့် ဖိလိုက်ရင်း

"ကျစ်....တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ..."

ထို့နောက် ခေါင်းထဲတွင် ပေါ်လာသော ပုံရိပ်များကြောင့် စျာန်လင်းခေတ် သက်ပြင်းချ လိုက်မိသည်

"ငါ အစ်ကို့ အပေါ် သစ္စာဖောက်မိပြီပဲ...
မာန်ဝင့်ထည် ဒါကိုတော့ အားနည်းချက်အနေနဲ့ထားပြီး ကိုင်မပေါက်လောက်ပါဘူးနော်..."

တစ်ယောက်တည်း ရေရွတ်ကာ အတွေးများနေစဥ်မှာပင် အခန်းတံခါးမှ ရုတ်တရက် ပွင့်လာတာကြောင့် စျာန်လင်းခေတ် ၏ အကြည့်များသည် တံခါးပေါက်နားဆီသို့ရောက်သွားလေသည်

"အိမ်သူ နိုးလာပြီလား..?"

လက်ပြတ် T Shirt အဖြူရောင်လေးနှင့်အတူ ညအိပ်ဘောင်းဘီ ရှည်အားဝတ်ထားသော မာန်ဝင့်ထည် သည် သူ့ရဲ့ ကြွက်သား အစိုင်အခဲများအား ထုတ်ကြွားနေသလိုပင်

စျာန်လင်းခေတ် ရဲ့ အကြည့်များကတော့ ညာဘက်လက်မောင်းက တက်တူးတွေဆီကိုပေါ့

"မင်းသက်သာနေပြီထင်တယ် မာန်ဝင့်ထည် ငါပြန်တော့မယ် အဲ့တာဆို..."

စျာန်လင်းခေတ် ထဖို့လုပ်တော့ မာန်ဝင့်ထည် က အနားရောက်လာကာ သူ့ခန္ဓာကိုယ် ဖြင့်ထိန်းလိုက်ကာ

"အိမ်သူ ကလဲကွာ... မပြန်ပါနဲ့ဦး... ခုချိန်ပြန်ရင် မင်းဘဲကြီး ရိပ်မိသွားမှာပေါ့...."

"မာန်ဝင့်ထည် မင်း ငါ့ကို ဘယ်လိုခေါ်နေတာလဲ..."

စျာန်လင်းခေတ် ရဲ့ မျက်နှာတွင် ခက်ထန်နေသော အမူရာကြောင့် မာန်ဝင့်ထည် ပြုံးကာ စျာန်လင်းခေတ် ၏ နားအနားသိူ့ကပ်လိုက်ကာ....

"ကိုယ်တို့ ညက အဆင့်တွေအများကြီးကျော်ခဲ့ကြတယ်လေ..... အိမ်သူ မမှတ်မိဘူးလား.?"

"မာန်ဝင့်ထည် ..! ငါ့ကိုအဲ့လို မခေါ်နဲ့ ငါမကြိုက်ဘူး..."

စျာန်လင်းခေတ် လေသံမာမာနဲ့ပြောလိုက်တော့ မာန်ဝင့်ထည် မျက်နှာတွင် ခုဏက အပြုံးများပျောက်ကွယ်သွားကာ မျက်နှာအနေထားမှာ ခက်ထန်လာပြီး.....

ZARNWhere stories live. Discover now