မာန်ဝင့်ထည် အိမ်ရှေ့တွင်ကားရပ်လိုက်သည်နှင့်အတူ ချက်ချင်းပင်ဆင်းလိုက်ကာ ကမန်းကတန်းဖြင့် ဦးမြအား
"ဘယ်လိုဖြစ်တာလဲ....အိမ်သူကဘယ်လိုလုပ်ပြီး....!"
"ဦးလဲသေချာမသိတော့ပါဘူးကွယ်....ရောက်ကတည်းကနေ အိမ်ထဲကိုဘယ်သူမှမဝင်ရဘူးဆိုပြီး မီးဖိုချောင်ထဲရှိသမျှ ပန်းကန်တွေအကုန်လုံးကိုရိုက်ခွဲနေတာ.....ဦးတို့လဲကြောက်တာနဲ့ မဝင်ရဲလို့ မောင်ရင်ပြန်လာတာကိုစောင့်နေတာ...."
"ကျစ်....! အိမ်သူကတော့ကွာ....!"
မာန်ဝင့်ထည် ချက်ချင်းပင် အိမ်ထဲသို့ဝင်သွားတော့ မီးဖိုချောင် အဝင်ဝကြမ်းပြင်မှာတင် ကွဲကျနေသော ဖန်ကွဲစတွေအားတွေ့လိုက်ရသောကြောင့် သက်ပြင်းချလိုက်၍
"အိမ်သူ....ဘာဖြစ်လို့ဒီလိုတွေလုပ်နေရတာလဲ....?"
ထိုအခါ စားပွဲပေါ်တွင် စီးကရက်သောက်နေသော စျာန်လင်းခေတ် သည် မိမိဘက်အားတစ်ချက်ကြည့်လာကာ
"ဒါတွေရှင်းလိုက်တော့နော် မာန်ဝင့်ထည်....ငါပင်ပန်းနေလို့ အိပ်တော့မယ်...."
ပြောရင်းနဲ့ စျာန်လင်းခေတ် ဖန်ကွဲစတွေအား ရှောင်ဖယ်၍ လျှောက်လာကာ မာန်ဝင့်ထည်နားသို့ရောက်တော့
"ငါ့ယောကျာ်းက....ငါ့တစ်သက်စားမကုန်တဲ့စည်းစိမ်တွေရှိတာ....ဒီလောက်တော့ဖြုန်းလို့ရတယ်မလား...?"
"အိမ်သူ....မင်းဘာဖြစ်နေတာလဲ....?"
"ငါ့အသားကိုမထိနဲ့ မာန်ဝင့်ထည်.....!!..."
မာန်ပါပါအော်လိုက်သော စျာန်လင်းခေတ် ကြောင့် မာန်ဝင့်ထည် အိမ်သူ့လက်အား ဆုပ်ကိုင်ထားသော မိမိလက်များအား လွှတ်ချလိုက်ကာ
"ဘာဖြစ်နေတာလဲ...အိမ်သူရာ....ကိုယ့်ကိုတစ်ချက်လောက်ရှင်းပြပါဦးလား....မင်းဘာတွေစိတ်အလိုမကျလဲ....ဘာတွေအဆင်မပြေလဲ ဆိုတာ ကိုယ်သိရမှ....ဖြေရှင်းပေးလို့ရမှာပေါ့.....အိမ်သူရာ...
အခုလိုရုတ်တရက်ကြီး မင်းပေါက်ကွဲတော့....ကိုယ်ဘယ်လောက်ဗြောင်းဆန်နေမလဲဆိုတာ မသိဘူးလား....ဟမ်?!!"
"........."
စျာန်လင်းခေတ် ထိုယောကျာ်းအား ခပ်တင်းတင်းမျက်နှာထားဖြင့် စေ့စေ့ကြည့်လိုက်ရင်း ဘာမှမပြောပဲ အပေါ်ထပ်မိမိအခန်းရှိရာသို့တက်လာခဲ့လေတော့သည်
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...