"ထူးထူးဆန်းဆန်း ရုံးတွေဘာတွေတက်လို့ပါလား....မင်းကဘယ်တုန်းက Friday ဆို ရုံးလာလို့လဲ Nelson...."
သောကြာနေ့ဆို ရုံးလာတတ်သည့်အကျင့်မရှိသော မာန်ဝင့်ထည်သည် အိမ်သွားကြည့်မည့် ကိစ္စအားဖျက်အား ရုံးကိုချက်ချင်းထွက်လာတာကြောင့် Lewis ကိုယ်တိုင် ကြောင်နေလေသည်
ထို့နောက် ဖုန်းဂိမ်းအားဆော့နေရင်းမှရပ်လိုက်ကာ
"အိမ်သူလေ....မနက်က ပူညံပူညံ လုပ်နေလို့....TV ကိုပါရိုက်ခွဲသွားသေးတယ်...."
"ဟက်....ဘယ်လိုတွေဖြစ်ကြတာတုန်း.....! မင်းတို့နှစ်ယောက်ကလဲ တကယ့် ကြောင်နဲ့ကြွက်......မင်းတို့ရန်ဖြစ်တာအရေးမကြီးဘူး....! အဲ့TV က မင်းဟိုတလောကမှ Japan ကမှာထားတဲ့ LG ရဲ့နောက်ဆုံးထွက် Productမလား...?
စကားများတာလေးနဲ့ TV ကိုရိုက်ခွဲရအောင်....! TV မှာဘာအပြစ်ရှိလို့လဲ....."
"ကျစ်.....ခဗျားကအစ ကျွန်တော့်ကိုလာပြီး ပူညံပူညံ လုပ်နေပြန်ပြီ.....ဒီမှာသူ့ကိုဘယ်လိုသွားချော့ရမလဲမသိလို့.....ညစ်နေတာနော်....!"
"ဟက်.....ဖြစ်ပြန်ပြီ....!"
ထိုအချိန်မှာပင်
*Bell*
မာန်ဝင့်ထည် ဖုန်းမြည်လာတာကြောင့် Contact အားကြည့်လိုက်တော့ အိမ်ကဒရိုင်ဘာဖြစ်တာမို့ ကောက်ကိုင်လိုက်ကာ
"ဟုတ် ပြောပါ....!"
"အစ်ကိုလေးမာန် ဟို...ဟိုလေ အစ်ကိုလေးစျာန်က အပြင်သွားချင်လို့တဲ့ အဲ့တာ...."
ပြောနေရင်း ရပ်သွားသော ဒရိုင်ဘာဦးလေးကြီးစကားအား မာန်ဝင့်ထည် ရိပ်မိသွားသည်မို့
"သူ့ကိုဖုန်းပေးလိုက်ပါ ဦးချစ်.....!"
"ဟုတ်...ဟုတ်ကဲ့!"
ထို့နောက် တစ်ဖက်ဖုန်းကလူသည်အသံပြောင်းသွားကာ
"အေး"
"မင်းကဘယ်သွားမလို့လဲ....? အိမ်သူ..."
"မင်းသောက်လုပ်လား...? ဒီမှာနော် မာန်ဝင့်ထည် ငါမင်းရဲ့အကျဥ်းသားမဟုတ်ဘူး ငါ့ဟာငါ သွားချင်သွားမယ် လာချင်လာမယ်.....မင်းကို ဦးတော်တင်စရာမလိုဘူး....!
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...