Episode 14 (Part 2)

1.2K 33 21
                                    

"ငါ့ကိုအောက်ပြန်ချပေး မာန်ဝင့်ထည်...ခွေးကောင်...ဟင့်...!"

မာန်ဝင့်ထည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ကောင်လေးအား သေချာခက်ထန်စွာစိုက်ကြည့်လိုက်တော့ ထိုကောင်လေးမှာ ရုန်းနေရာမှ အနည်းငယ် ရပ်သွားကာ....

"ငါ.....ငါတောင်းပန်ပါတယ် မာန်ဝင့်ထည်.....ငါ...ငါသူ့ကိုချစ်မိသွားပြီ....ငါမင်းကိုစောင့်နေခဲ့တယ် အဲ့အချိန်တွေကလည်း ပြီးခဲ့ပြီ.....ငါ့ကိုလွှတ်ပေးပါတော့"

ထိုအခါ မာန်ဝင့်ထည် မှာ နှခမ်းတစ်ဖက်ကွေးအောင် ပြုံးလိုက်ရင်း

"ကိုယ်မင်းကို ထပ်ပြီး အဆုံးရှူံးခံတော့မယ်ထင်နေလား...အိမ်သူ...ပိုဆိုးတာက မင်းကလည်း Jade ရဲ့ အားနည်းချက် ဖြစ်နေတာပဲလေ....အဲ့တော့ သေချာတာတစ်ခုက....ကိုယ်မင်းကို မရရအောင် သိမ်းပိုက်တော့မယ်ဆိုတာပဲ....."

"မင်း....အစ်ကို့ကိုများသတ်လိုက်တာလား...?"

"ကိုယ်မသတ်ပါဘူး...အိမ်သူ...ဒါပေမယ့် သျှင်ရဲထွဋ် က မင်းထင်ထားသလို မင်းကိုအပြည့်အဝချစ်တယ်လို့ မင်းထင်နေတာတော့ ကိုယ်ရီချင်မိတယ်...."

"မင်းဘာကိုဆိုလိုတာလဲ...?"

တဖြည်းဖြည်းလျှောက်လာရင်း ကုတင်နားကိုရောက်လာတော့ မာန်ဝင့်ထည် မှာ စျာန်လင်းခေတ် အား မွေ့ယာပေါ်သို့ အသာလေးချလိုက်ကာ

"မင်းကို ကိုယ်ပြစရာတစ်ခုရှိတယ် အိမ်သူ...."

"ဘာကိုလဲ... မင်းအဓိပ္ပာယ်ရှိတာတွေပြောမနေပဲနဲ့ ဒီကချက်ချင်းထွက်သွားလိုက်တော့......မာန်ဝင့်ထည်....!!"

"မာန်ဝင့်ထည်....မာန်ဝင့်ထည်....မာန်ဝင့်ထည်.....!!! ကိုယ့်နာမည်ကို အဲ့လောက်အပြည့်စုံခေါ်ရတာကို ပျော်နေလား အိမ်သူ..."

လေသံမာမာဖြင့် ဟောက်လိုက်တော့မှာ ကုတင်ပေါ်ကကောင်လေးရဲ့ မျက်နှာတွင် တင်းမာသော မျက်နှာအမူယာများလျော့ကျသွားလေကာ

"ခေါ်မှာပဲ...ဘာဖြစ်လဲ.....မင်းမှာငါ့ကို အမိန့်ပေးခွင့်မရှိဘူးနော်....မာန်ဝင့်ထည်....!"

ထို့နောက် မာန်ဝင့်ထည် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းအားထုတ်လိုက်ကာ Video တစ်ခုအားဖွင့်လိုက်ကာ စျာန်လင်းခေတ် ဆီသို့ပြလိုက်ပြီး

ZARNWhere stories live. Discover now