Episode 7

1.4K 40 8
                                    

ဝရန်တာသို့ ထွက်လာသော စျာန်လင်းခေတ် အား မာန်ဝင့်ထည် နောက်မှလိုက်လာ၍

"ဆေးထည့်ရအောင် စျာန်လင်းခေတ်....လာ..."

မိမိလက်များအား လာကိုင်သော မာန်ဝင့်ထည် ရဲ့ လက်အား ခါချလိုက်ကာ....

"မလိုဘူး....မာန်ဝင့်ထည် ....ငါမင်းထင်သလို ပျော့ညံ့တဲ့ကောင်မဟုတ်ဘူး...!!"

"ကျစ်....စျာန်လင်းခေတ် မင်းခေါင်းမာနေတော့မှာလား...?"

ထိုအခါ စျာန်လင်းခေတ် မှာ မာန်ဝင့်ထည် အား ပြန်ကြည့်လိုက်ကာ တစ်ချက်တွန်းလိုက်ကာ

"အနာပေးပြီး ဆေးပေးတယ်ပေါ့ .....ငါ့ကို ဟိုမိန်းမရှေ့မှာ ကန်ရတာပျော်လား....ဟမ်..?
မင်းကောင်မကော မင်းကော တစ်စောက်ချိုးတည်းပဲ.... မင်းသိလား...? မင်းကောင်မက ငါ့ကို ပါးပါရိုက်သွားတာ...?

အဲ့တာမင်းသောက်သုံးမကျလို့ ခွေးကောင်ရဲ့...!!"

လက်ညိုးထိုးကာပြောနေသော စျာန်လင်းခေတ် အား မာန်ဝင့်ထည် စိတ်မရှည်ချင်တော့တာကြောင့်....

"မင်းအခု ဆေးထည့်မှာလား ခေါင်းမာနေမှာလား စျာန်လင်းခေတ် ...!!!!"

"ငါအစ်ကိုနဲ့ ဖုန်းပြောချင်တယ် မာန်ဝင့်ထည် ..."

"အဆုံးမရှိ အစမရှိ ဘာစကားလဲ အဲ့တာ..."

"ငါ အစ်ကို့ကိုသတိရတယ် ....ငါမင်းအိမ်မှာမရှိတဲ့အချိန် ငါခိုးပြီး ဆက်သွယ်လို့ရတယ်သိလား...? ဒါပေမယ့် ငါမလုပ်ခဲ့ဘူး....
အဲ့တာဘာလို့လဲဆိုတော့ မင်းနဲ့ပတ်သတ်တဲ့ ငါ့ ဝဋ်ကြွေး တွေကို အစ်ကို့ကိုပါ မဆပ်ခိုင်းစေချင်လို့...!!"

မာန်ဝင့်ထည် စျာန်လင်းခေတ် ရဲ့ မျက်နှာဖြူဖျော့ဖျော့လေးအား သေချာစိုက်ကြည့်ကာ ငေးနေမိသည်

*မင်းကိုအရမ်းလွမ်းတယ် အိမ်သူ....ငါ မင်းကိုသတိရတဲ့စိတ်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ မင်းသာသိရင်ကောင်းမှာပဲ*

လေတဟူးဟူးဖြင့် တိုက်ခတ်နေသောကြောင့် စျာန်လင်းခေတ် ရဲ့ ဆံပင်လေးများမှာ အနည်းငယ်လွင့်နေလေသည်
မာန်ဝင့်ထည် မှာတော့ ထိုကောင်လေးငယ်အား မျက်တောင်ခတ်မတတ် ငေးကြည့်နေမိသည်

ZARNWhere stories live. Discover now