Episode 23 (Part 1)

717 20 1
                                    

စျာန်လင်းခေတ် ညစာစားပြီးနောက်အခန်းတံခါးပိတ်ပြီး Drawing ပိုင်းကိုလေ့ကျင့်နေသည်မှာ ၃နာရီကျော်ပင်ရှိနေပြီ

*Knock*

နာရီကိုကြည့်လိုက်တော့ ၁၁ခွဲဖြစ်သည့်အပြင် မိဘနှစ်ပါးနှင့်စကားပြောပြီးပြီမို့ အခန်းတံခါးအားဘယ်သူခေါက်လဲဆိုတာ သိလိုက်ပြီဖြစ်တာကြောက်

"ဝင်ခဲ့လိုက်လေ xီးမို့ ဆက်တိုက်ခေါက်နေတာလား...? အာရုံနောက်အောင်...!"

*ဂျလောက်*

မိမိလှမ်းအော်လိုက်သောစကားကြောင့် အခန်းထဲသို့ဝင်လာသော ထိုယောကျာ်းသည် လက်ထဲတွင် ခေါင်းအုံးတစ်ခုအားပွေ့လျက်

"ဒါမင်းအခန်းလား....? မာန်ဝင့်ထည်...!! ဘာလာလုပ်တာလဲ...!"

စျာန်လင်းခေတ် ဆွဲလက်စ Tablet အား ပိတ်လိုက်ကာ ထိုယောကျာ်းအားချက်ချင်းပင် ရန်တွေ့လိုက်လေသည်

"ကိုယ့်အခန်းက အဲကွန်းပျက်နေလို့လေ!! အဲ့တာကြောင့်..."

"မာန်ဝင့်ထည်...!!ငါမင်းနဲ့ ဒီညဘာမှလုပ်ဖို့စိတ်ကူးမရှိဘူးနော်.....!! ...."

"အိမ်သူရာ...မင်းကဘာတွေလျှောက်တွေးနေတာလဲ....?ကိုယ်က ရိုးရိုးတန်းတန်းလက်ကလေးကိုင်ရုံလောက်နဲ့ အိပ်မှာပါ....."

စျာန်လင်းခေတ် ထိုယောကျာ်းရဲ့အကြည့်တွေကြောင့် ဒေါသစိတ်ဖြစ်လာတာမို့

"မင်းဟာမင်း အိပ်တာသာအိပ်!!ငါ့အသားကိုလာထိဖို့မကြိုးစားနဲ့နော်!! မဟုတ်ရင် မင်းငါ့အကြောင်းကောင်းကောင်သိမယ်....!"

ပြောရင်း ကုတင်သွားကာ မိမိကုတင်၏အလယ်ကြားသို့ ခွခေါင်းအုံးလေးအား ပစ်လိုက်ပြီး

"အဲ့ခွခေါင်းအုံးကျော်ကြည့်နော်....!!ငါ့မင်းကိုဘယ်လို ပညာပေးမလဲဆိုတာ...!"

စျာန်လင်းခေတ် စကားကြောင့် မာန်ဝင့်ထည် မျှော်လင့်ချက်မဲ့သွားသော်လည်း ချစ်ရသူအနားနေရမှာမို့ ဘာပဲဖြစ်ဖြစ်ကျေနပ်လိုက်ပြီး

"ကောင်းပြီလေ...တကယ်လို့ မင်းဘက်ကကျော်လာရင်ကော...? အိမ်သူ....ကိုယ်ကရော ကိုယ့်အကြောင်းပြရမလား...?"

ZARNWhere stories live. Discover now