Episode 13

1.3K 32 3
                                    

*ခွပ် ခွပ်*

Lewis သစ္စာဖောက် နှစ်ကောင်အား ဂိုဒေါင်ထဲတွင် ရိုက်နှက်ဆုံးမနေလေသည်

"မင်းတို့ကများ Nelson ကို သစ္စာဖောက်ရဲတယ်...!!!
မင်းတို့ကိုကျွေးမွေးထားတာ ဒီလိုခွေးကျင့်ခွေးကြံပေါင်းကြံဖို့လား....?"

သျှင်ရဲထွဋ် ကြိမ်းဝါးကာ မေးလိုက်တော့ ထိုလူနှစ်ယောက်မှာ ကိုယ်စီ လက်အုပ်ချီလိုက်ကာ

"ကျွန်တော်တို့ ကိုယ့်အမှားကိုယ်သိပါပြီ Lewis ကျွန်တော်တို့ကိုမသတ်ပါနဲ့ဗျာ....!!"

"ဟုတ်...ဟုတ်ပါတယ်....ဒါတွေက မနေ့ညကလအဲ့Riel ဆိုတဲ့ကောင်က ကျွန်တော်တို့ကို ငွေနဲ့မျှားလို့ ကျွန်တော်တို့လောဘတက်မိသွားတာပါ....
အဲ့တာကြောင့် Smoke Bomb ကို ကျွန်တော်တို့ စီစဥ်လိုက်တာပါ...

ကျွန်တော်တို့ အမှားကိုသိပါပြီ...Lewis ရယ် ကျွန်တော်တို့ကို မသတ်ပါနဲ့...!!"

Lewis မျက်မှောင်ကြုတ်လိုက်ကာ မဲ့ပြုံး တစ်ချက်ပြုံးလိုက်ပြီး

"တစ်ခါ ကိုက်ဖူးတဲ့ ခွေးက နောက်တစ်ခါ ပြန်မကိုက်နိုင်ဘူးလို့ အာမမခံနိုင်ဘူး.....ဆိုတော့....မင်းတို့နှစ်ယောက်သွားရမယ့်လမ်းကတော့......."

သျှင်ရဲထွဋ် ရဲ့အကြည့်များသည် တံခါးပေါက်နားသို့ရောက်သွားတော့ ဘေ့စ်ဘောတုတ်တံ ကိုယ်စီဖြင့်ဝင်လာသော လူ၅ဦး

"အဲ့...အဲ့လိုမလုပ်ပါနဲ့ဗျာ...အမှားကို သိပါပြီ....တောင်းပန်ပါတယ်ဗျာ အီး...ဟီး..."

ငိုရုံကာ တောင်းပန်နေသော ထိုလူနှစ်ယောက်အား သျှင်ရဲထွဋ် တာ့တာလက်ပြလိုက်ကာ
ဝင်လာသော လူ၅ဦးအနက်မှ Blue အား အနားကပ်လိုက်၍

"သေရုံထိတော့မလုပ်နဲ့.....နည်းနည်းပါးပါးပညာပဲပြလိုက်...."

"အမိန့်အတိုင်းပါ Lewis..."

ထို့နောက် Blue ရဲ့ ပုခုံးအားတစ်ချက်ပုတ်လိုက်ကာ ထိုဂိုဒေါင်မှထွက်လာခဲ့လေတော့သည်

***********

"မင်းဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ...Nelson..."

ကားမောင်းရင်း မိမိအားမေးနေသော Lewis ၏ စကားအား မာန်ဝင့်ထည် သက်ပြင်းချလိုက်ကာ

ZARNWhere stories live. Discover now