Episode 11

1.6K 37 4
                                    

"မင်းငါ့ကိုချစ်ရတာ မပင်ပန်းဘူးလား မာန်ဝင့်ထည်...."

မိမိစကားကြောင့် ထိုယောကျာ်းသည် ကုတင်ပေါ်ကနေ ကလေးနှစ်ယောက်အားမွေးထားသောဒဏ်ကြောင့် မထနိုင်ဖြစ်နေသော မိမိဆီသို့ အပြုံးများဖြင့်လျှောက်လာကာ မိမိရဲ့ လက်များအား ဆုပ်ကိုင်လိုက်၍ ဘေးတွင်ဝင်ထိုင်လိုက်ကာ

"ပင်ပန်းစရာလား အိမ်သူရာ.....ဒီလောကကြီးမှာလေ မောင် စိတ်အပါဆုံးက မင်းနောက်ကို တကောက်ကောက်လိုက်ရတာနဲ့......မင်းနဲ့အတူ အနာဂတ်မှာ အမုန်းတရားတွေမရှိအောင်နေထိုင်သွားချင်တာပဲ....."

စျာန်လင်းခေတ် မျက်ရည်များဝဲကာ ပြောနေသော ထိုယောကျာ်း ရဲ့ မျက်ဝန်းများအား စိုက်ကြည့်မိကာ ဘာကြောင့်ရယ်မသိ ပျော်ရွှင်နေမိသည်.....

"ပြီးရင် အခု ကိုယ်တို့မှာ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ရှိလာပြီလေ......

မောင် မင်းကိုချစ်ရတာ ပင်ပန်းတယ်ဆို ဘယ်လိုလုပ် ယောကျာ်းကောင်း ပီသပါ့မလဲ အိမ်သူရာ....

မင်း မောင့် အပေါ်လုပ်ခဲ့တာတွေကို မောင်အရာအားလုံးခွင့်လွှတ်ပေးနိုင်တယ်......
မင်းကို မောင် တစ်ရက်ကလေးမှ စိတ်မပျက်ခဲ့ဘူး.......

ပြီးရင် သားနဲ့သမီးကို ဒီလိုအမြွှာလေး မွေးပေးလို့ မင်းကို မောင်က ကျေးဇူးတောင်တင်ရဦးမယ်........"

အမြဲတမ်း စကားပြောရင် မာန်ပါပါနဲ့ ပြောတတ်သော မာန်ဝင့်ထည် အား ဒီလို ပျော့ညံ့သွားတာမြင်ရတာ နှစ်ယောက်သား လက်ထပ်ကတည်းကပါ......

မိမိနဲ့လက်ထပ်ပြီးကတည်းက အရာအားလုံးအရှူံးပေးကာ မိမိအနိုင်ယူသမျှအား အပြုံးတစ်ချက်မပျက်အောင် စိတ်ရှည်ပေးခဲ့သော ထိုယောကျာ်း အား စျာန်လင်းခေတ် တဖြည်းဖြည်းနဲ့ ပြန်လည် ချစ်မိလာပြီဖြစ်သည်......

စျာန်လင်းခေတ် ဘာမှပြန်မပြောတော့ပဲ မျက်ခွံများလေးလံလာကာ အလွန်ပင် အိပ်ချင်လာ၍ တစ်ချက်သန်းလိုက်ကာ....

"ငါ ခဏ အိပ်ချင်တယ် မာန်ဝင့်ထည်.....ငါ့လက်ကိုကိုင်ထားပေးပါလား....?"

ပြောရင်းနဲ့ မိမိလက်အား ကုတင်ပေါ်မှာတစ်ဆင့် နီးကပ်နေသော ထိုယောကျာ်း ရဲ့ ရင်ဘတ်ပေါ်သို့ တင်လိုက်တော့ ထိုယောကျာ်း ရဲ့ မျက်နှာတွင် အပြုံးရိပ်များ ဖြတ်သန်းလာကာ မိမိလက်ဖမိုး များအား နမ်းရှိူက်လိုက်ကာ.....

ZARNWhere stories live. Discover now