Episode 22

1K 29 7
                                    

မာန်ဝင့်ထည် ကားစီယာတိုင်အားကိုင်ထားကာ မိမိမျက်နှာအား ဒဏ်ရာပေးသွားပြီး မသိချင်ယောင်ဆောင်နေသော ကောင်လေးအားကျေတော့မကျေနပ်သေးပေ

ဘေးနားက အိမ်သူကတော့ ကားပေါ်တက်ကတည်းက ဖုန်းအားကြည့်ကာ ဘာတွေကိုသဘောကျနေလည်းမသိ ပြုံးလိုက်တည်သွားလိုက်ဖြင့်

အမေတို့ကလည်းရောက်ခါနီးပြီမို့ မာန်ဝင့်ထည် နှစ်ယောက်သားအဆင်ပြေအောင်စကားစမှဖြစ်မည်ဟုတွေးကာ ချောင်းဟန့်လိုက်ပြီး

"အဟမ်း....မင်း...တစ်ခုခုစားချင်လားအိမ်သူ...!"

ရုတ်တရက် မေးလိုက်သော မိမိစကားကြောင့် အိမ်သူမှာမိမိဘက်အား ထူးဆန်းသောအကြည့်ဖြင့်ကြည့်လာပြီး

"ရတယ်....မင်းအိမ်မှာ အမေတို့အတွက် ဟင်းတွေလည်း ပြင်ထားတယ်မလား....ပြန်ရောက်မှပဲ တစ်ခါတည်း စားလိုက်မယ်...!"

"ကိုယ် အမေတို့လာတဲ့ကိစ္စကြိုမပြောမိတာ တကယ်တောင်းပန်တယ်နော်.....ညကမင်းလည်း နည်းနည်းသောက်ထားသေးတော့လေ....ပြောဖို့မေ့သွားတာ...!"

"မလိုပါဘူး မာန်ဝင့်ထည်...ငါကအဲ့လောက် ဘောင်ဝင်တဲ့ကောင်မဟုတ်ပါဘူး....မင်းကြိုမပြောရင်တောင် အမေက ငါ့ကိုဖုန်းဆက်လို့ရတာပဲလေ...."

"အမေက ရုတ်တရက် ကြီးလာဖြစ်တာမို့လို့နေမှာပါ....အိမ်သူရာ....ပြီးရင်ခဏလေးပဲနေမှာ....မင်းအဖေရဲ့ နှလုံးအတွက် ဆေးလာစစ်တော့...ကိုယ်ကနေတစ်ဆင့် မင်းသိပြီးပြီလို့ထင်နေတာနေမယ်...."

"........"

စျာန်လင်းခေတ် ဘာမှပြန်မပြောတော့ပဲ ဖုန်းကိုသာဆက်ကြည့်နေလိုက်သည်
မိမိအားလျစ်လျူရှူနေသော အိမ်သူအား မာန်ဝင့်ထည် တစ်ချက်ကြည့်ကာပြုံးလိုက်ပြီး

"ဟက်...မင်းကတော့ ကိုယ့်ကိုတော်တော်အရွဲ့တိုက်ချင်တယ်နော် အိမ်သူ...."

"ဘာကိုလဲ..?"

"ဆံပင်ကို ဒီအရောင်ကြီးဆိုးထားတာလေ....ဒါပေမယ့် စိတ်ချပါ....မင်းနဲ့ပတ်သတ်တဲ့အရာတွေကိုတော့ ကိုယ်မမုန်းပါဘူး....အခုမင်းရဲ့အလှတွေကို ပိုပြီးတော့တောင် ထင်သာသွားသေးတယ်...."

ZARNWhere stories live. Discover now