Episode 14 (Part1)

1.5K 38 11
                                    

Flash Back

လွန်ခဲ့သော ၇နှစ် Lewis နှင့် စျာန်လင်းခေတ် တို့ ကျောင်းရှေ့ရှိကားပေါ်တွင် နှစ်ယောက်သား စကားပြောနေကျချိန်

"မင်းကူညီမှရမယ် စျာန်လင်းခေတ်....မာန်ဝင့်ထည် သာ မင်းအနားရှိနေရင်.....ဦးသီဟဝင့်ထည် ကိုသတ်တဲ့ လူသတ်သမားက မင်းဆီကို ဦးတည်လာနိုင်တယ်..."

"အဲ့တာကျွန်တော်နဲ့ဆိုင်လို့လဲ....ပြီးရင် ဒီကိစ္စတွေဖြစ်တာတောင် သူကရော ကျွန်တော့်ကိုဘာလို့အဆက်သွယ်မလုပ်တာလဲ.....!!"

"မင်းကိုထိခိုက်မှာစိုးလို့....ငါပြောတာကြားလား!!!!"

Lewis စကားအား အကန်တွေကြီးပြောနေသော စျာန်လင်းခေတ် ကြောင့် Lewis စိတ်မရှည်ကာ အော်လိုက်မိသည်

ထို့နောက် စျာန်လင်းခေတ် မျက်နှာပျက်သွားကာ

"မာန်ဝင့်ထည် ကိုပြောလိုက်ပါ.....၁လအတွင်းမရောက်လာရင်....ဒီကလေးရော ကျွန်တော့်ကိုရော ဆုံးရှူံးရလိမ့်မယ်လို့..."

"စျာန်လင်းခေတ်!!!! ဒီကလေးက ဦးသီဟဝင့်ထည် ရဲ့ သွေးဖြစ်တဲ့အပြင် မာန်ဝင့်ထည် ရဲ့ ရင်သွေးနော်.....မင်းဘာလို့ ဒီလိုတွေးနိုင်ရတာလဲ?!!! ဟမ်!!"

"သူ့တောင်ကျွန်တော့်ကို အလေးမထားဘူးလေ.....ခဗျားရော ကျွန်တော့်ဘက်ကို ထည့်မတွေးဘူးလား?"

ငိုမဲ့မဲ့ပြောလာသော စျာန်လင်းခေတ် စကားသည် Lewis အား မှင်သတ်သွားစေကာ

"စိတ်ချပါ စျာန်လင်းခေတ် ဖြစ်နိုင်ရင် ဒီရင်သွေးလေးကို ဘာမှမလုပ်ပါနဲ့ ကိုယ်မင်းဆီကို မာန်ဝင့်ထည် ကိုအမြန်ဆုံးရောက်အောင် ပို့ပေးမယ်နော်.....ဒါကြောင့် စိတ်လိုက်မာန်ပါတော့မဆုံးဖြတ်လိုက်ပါနဲ့....အာ....ပြီးရင်....ဒီဟာ..."

ရုတ်တရက် ထုတ်ပေးလာသော ယောကျာ်းတစ်ယောက်ရဲ့ ဓာတ်ပုံကြောင့် စျာန်လင်းခေတ် မျက်မှောင်ကြုတ် လိုက်ကာ

"ဒါကဘယ်သူလဲ....?"

"အဲ့တာ မင်းချစ်သူ မာန်ဝင့်ထည် ရဲ့အဖေ ဦးသီဟဝင့်ထည် ကိုသတ်တဲ့ တရားခံပဲ...သူနာမည်က Jade"

စျာန်လင်းခေတ် ထိုဓာတ်ပုံအားသေချာကြည့်လိုက်သော ခက်ထန်လွန်းသည့် မျက်နှာဘေးနဲ့ ယောကျာ်းတစ်ယောက်၏ လိုင်စင်ဓာတ်ပုံ
ထူးခြားလွန်းသည် ထိုလူ့ရဲ့ မျက်ခုံးမွှေးမှာ ပုံမှာထက် ထူလွန်းပြီး ထောင့်နားသို့ အနည်းငယ် ကော့တက်နေလေသည်

ZARNWhere stories live. Discover now