Episdoe 2

2.4K 47 9
                                    

မာန်ဝင့်ထည် မရောက်တာ ၅နှစ်နီးပါးရှိတဲ့ စံအိမ်ကြီးကို ပြန်ရောက်လာခြင်းနှင့်အတူ
အိမ်ရှေ့တွင် အစေခံများနှင့် အိမ်ထိန်းများက စောင့်ကြိုနေကြသည်

ကားပေါ်က ဆင်းလိုက်တော့ အိမ်ထိန်း ဦးမြ က..

"သခင်လေးက တကယ့်ကိုနိုင်ငံခြားသားကြီးအတိုင်းပဲဗျာ... အဆင်မှ ပြေနေရဲ့လား..?"

"ပြေပါတယ် ဦးမြ....  အာ ကြိုနေတဲ့ထဲ ကျွန်တော့် မိသားစုဝင် တစ်ယောက် မပါဘူးနော်..."

မာန်ဝင့်ထည် သူ့ရဲ့ မိသားစုဝင်ကို လိုက်ရှာကြည့်တော့ မတွေ့ပေ နှစ်တွေကြာတော့ ဒီကောင်ကြီးများမေ့သွားတာလား အကြောင်းရင်းကို မသိရတာကြောင့် စိတ်တော့ ထစ်ခနဲ ဖြစ်သွားမိသည်

ဒါကြောင့် မျက်မှောက်ကြုတ်လိုက်ကာ ဦးမြ ဆီသို့အကြည့်များရောက်သွား၍

"Max ကော ဦးမြ သူဘယ်မှာလဲ..?"

လေသံနည်းနည်းမာသွားတော့ ဦးမြလဲ အသံအနည်းငယ် တုန်ရီသွားကာ...

"ဟို ဟိုလေ Max က..."

"ဒီမှာပါ မောင်ရဲ့...."

အိမ်ထဲကနေ ထွက်လာသော အသံနှင့်အတူ အသံပိုင်ရှင် မိန်းကလေးဆီသို့ အားလုံးအကြည့်များ ရောက်သွားကြလေသည်

ထိုမိန်းကလေးဘေးတွင် ဖက်နမ်းလျက်လုပ်နေသော မိမိရဲ့ မိသားစုဝင်လိုသဘောထားရပါသော Max ဆိုတဲ့ Husky အမျိုးစား ခွေးကြီးတစ်ကောင် နှင့်အတူ....

ထိုနောက် ထိုမိန်းကလေးမှာ နှခမ်းကြီး စူကာ လှေကားထစ်များဆီသို့ ခပ်သွက်သွက် ဆင်းလာပြီး မာန်ဝင့်ထည် အားပြေးဖက်လိုက်လေကာ....

"လွမ်းနေရတာ....မြန်မာပြည်ကို အလည်လေးတောင်ပြန်မလာဘူးနော်....ပြီးတော့ လာကြိုချင်တာကိုတောင်မှ မလာခိုင်းပဲ အိမ်မှာပဲ စောင့်ခိုင်းတယ်နော် ဟွန့်"

"သိမ့် က လဲကွာ မောင်က အိမ်ကိုပဲပြန်လာမှာပေါ့...ပြီးတော့ ရောက်ရောက်ချင်း Company ကိုအရင်သွားရသေးတယ်လေ..."

ထိုအခါ သိမ့်ထက်နွေ မှာ ဘေးလူတွေရှိတာတောင် မထိန်းနိုင်တော့ပဲ မာန်ဝင့်ထည် ရဲ့ ပါးပြင်အား နမ်းရှိူက်လိုက်လေတော့သည်

ZARNWhere stories live. Discover now