အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ အပြင်ကိုထွက်လာပြီးနောက် ၅နှစ်တာဝေးခဲ့ရသော မြန်မာပြည်ကြီးရဲ့ လေထုကြီးအား လက်နှစ်ဖက်တန်းကာ အဝပင်ရှူရှိူက်မိလေသည်
အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ့ပေါ့ပါးပါး Polo tshirt အနက် လက်တိုလေးအား ခေါက်တင်ထားတာကြောင့် လက်မောင်းကြွက်သားများသည် အများသူငှာငေးစေရလောက်အောင်ပင်
All black ကို ဝတ်ဆင်ထားသော ထိုလူငယ်သည် ရှေ့နားက သူ့အားကြိုဆိုနေသော လူတစ်စုဆီသို့ လက်လှမ်းပြလိုက်တော့ ထိုလူအုပ်ထဲမှ ခေါင်းဆောင် ဟန်ရှိသော် သူတစ်ယောက်မှာ ထိုလူငယ် အနားသို့ပြေးလာကာ
"Nice to meet You, Nelson, Welcome Back"
ဦးညွတ်ကာပြောလိုက်တော့ ထိုလူငယ်မှာလဲ အလိုက်သင့် ပြုံးလိုက်ကာ
"ဟက် ....မြန်မာလိုပြောလဲရပါတယ် Lewis"
"မင်းကတော့ တကယ့်ကို အနောက်နိုင်ငံသား နဲ့ တကယ့်ကိုတူလာတာနော် ဘယ်လိုလဲ မြန်မာပြည်ပြန်ရောက်လာတော့.."
ထိုအခါ Nelson ဆိုတဲ့ လူငယ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့်
"ကျွန်တော် ရစရာရှိတာတွေပြန်ယူရဦးမယ်လေ Lewis, အခုမှ အဲ့ BLAZE ဂိုဏ်းကို အမှုန့်ပြန်ချေတော့မှာ"
စကားပြောရင်းနဲ့ ထိုလူငယ်ရဲ့ မျက်နှာထားမှာ တည်သွားပြီး နာကျင်မှုများပြည့်နှက်နေသော အမူယာများသို့ ချက်ချင်းပင် ပြောင်းလဲသွားသည်
"ကဲ ဒါဆိုလဲ ကားပေါ်အရင် တက်, ပြီးရင် နားစရာရှိတာနားပြီး အလုပ်ကိစ္စအတွက် ဆက်လုပ်ကျတာပေါ့"
"OK Lewis"
ထို့နောက် ထို အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှ BMW M3 E46 GTR V8 Grey နောက်တွင် တခြား အိမ်စီးကား လေးနှစ်စီးမှာလိုက်ပါသွားလေတော့သည်
*******
"ဘယ်လိုလဲ အင်တာဗျူး အဆင်ပြေရဲ့လား...?"
အိမ်သို့ရောက်ရောက်ချင်း မိမိပြန်လာတာကို စောင့်မျှော်နေသော သူကြောင့် စျာန်လင်းခေတ် ပိုပြီး ဝမ်းနည်းသွားရလေသည်
မျက်နှာလေးညိုးငယ်ကာ ခေါင်းလေး ခါလိုက်တော့ ထိုသူမှာလဲ သဘောပေါက်သွားကာ
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...