Episode 4 (part 2)

2.2K 49 3
                                    

"ဒီကိစ္စဘယ်လိုဖြစ်တာလဲ... စိုပြေမင်းခန့်...!!!!"

Alcus စားပွဲပေါ်ကိုပစ်တင်လိုက်သော ဓာတ်ပုံများအား စိုပြေမင်းခန့် ကောက်ကြည့်လိုက်ကာ တစ်ချက်ပြုံးလိုက်ပြီး....

"အဲ့တာဘာဖြစ်လို့လဲ.....ပြီးတော့ ဒီပုံရထားပုံအရဆို ခဗျား ကျွန်တော့်နောက်ကို နောက်လိုက်လွှတ်ထားတာလား ဟမ်!!! Alcus"

"ငါမင်းကို မင်းရဲ့ Entertainment  ရဲ့ CEO အနေနဲ့ရော မင်းရဲ့ ချစ်သူ တစ်ယောက် အနေနဲ့ကော ပြောနေတာနော် စိုပြေမင်းခန့် ...!!

ဘယ်နှယ့်...ပွဲမှာ တွေ့တာမကြာသေးတဲ့ အဲ့ အဆိုတော်ကောင်နဲ့ မင်းနဲ့က Hotel ထိလိုက်သွားရအောင် ဘာတွေများအရေးကြီးနေတာလဲ...?"

"ခဗျားအဲ့စကားမပြောနဲ့.... Alcus... ကျွန်တော်တို့သွားတာ အလုပ်ကိစ္စဗျ..."

ထိုအခါ Alcus မှာ စိုပြေမင်းခန့် ရဲ့ အင်္ကျီကော်လံစအား ဆွဲဆောင့်လိုက်ကာ

"ငါအမုန်းဆုံးကဘာလဲ သိလား....
လိမ်တာနဲ့ ဖောက်ပြန်တဲ့ သူပဲ.....အေး...အခု ဒီပုံတွေက ငါ့လူရိုက်ထားတဲ့ပုံမဟုတ်ပဲ .... တခြားမီဒီယာတွေက တင်သွားကြည့်

မင်းခွေးလုံးလုံးဖြစ်မှာနားလည်လား...!!"

ထိုနောက် စိုပြေမင်းခန့် မှာ Alcus အားတွန်းထုတ်လိုက်ကာ

"ခဗျား မပေးနိုင်တဲ့ နွေးထွေးမှုကို ကျွန်တော် သူ့ဆီက ရယူခဲ့တယ် အဲ့တော့ဘာဖြစ်လဲ ဟမ်...?

ခဗျားနဲ့ ကျွန်တော် ချစ်သူဖြစ်တဲ့ ၅နှစ်တာ ကာလအတွင်းမှာ....ခဗျား ဘက်က ကျွန်တော့်ကို သတိရလို့ ဖုန်းဆက်ခဲ့တာရှိလား..?

Anni Date တွေက အစ မမှတ်ထားတဲ့ ခဗျားလိုလူဆီက ကျွန်တော့်က ဘာတွေထပ်ပြီးမျှော်လင့်ရဦးမှာလဲ Alcus...ဟမ်"

ပြောရင်းနဲ့ မျက်ရည်ကျလာသော စိုပြေမင်းခန့် ကြောင့် Alcus လဲ စောနက ထွက်သမျှ ဒေါသမီးများသည် အရှိန်အနည်းငယ် ပိုပြင်းလာကာ...

"အဲ့တာနဲ့ မင်းဖောက်ပြန်ရောလား..?

မင်းအခုလို ဒီအခြေနေထိ ရောက်အောင် ကိုယ်ဘယ်လောက်ထိ... ပျိုးထောင်ခဲ့ရလဲ မင်းအသိဆုံးပါ.....

ZARNWhere stories live. Discover now