Episode 27

1.3K 22 9
                                    

စက်အာဏာရှိန်း မိခင်ဖြစ်သူနှင့်အတူ H.W အဆောက်ဦးကြီးအတွင်းသို့ တစ်လှမ်းခြင်းဝင်လာခဲ့လေသည်

ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလုပ်ငန်းကြီးအားဦးစီးနေသော သူသည် ဘယ်လောက်ထိအရည်ချင်းရှိလို့များပါလိမ့်ဆိုတာတော့ စက်အာဏာရှိန်းစိတ်ဝင်စားမိလေသည်

မိခင်ဖြစ်သူကတော့ ဧည့်ကြိုကောင်တာသို့သွားလိုက်တာနှင့်အတူ ထိုကောင်တာမှ ဝန်ထမ်းများသည် ဒေါ်ရှိန်းဝလ္လာအားတန်းသိတာကြောင့် နှုတ်ဆက်ကြလေတော့သည်

စက်အာဏာရှိန်း ဒီအဆောက်ဦးရဲ့ ပုံစံကိုစိတ်ဝင်စားမိတာကြောင့် ဟိုဟိုဒီဒီလိုက်စေ့စပ်စွာကြည့်နေရင်း

"ဟဲ့ကောင်လေး....ဘာတွေမွှေမလို့ကြံနေပြီလဲ....!! လာ....မောင်ဝင့်ထည် ရုံးခန်းမှာစောင့်နေတယ်.....!!"

အမေဖြစ်သူ ဒေါ်ရှိန်းဝလ္လာ ၏ခေါ်သံကြောင့် စက်အာဏာရှိန်းအာရုံပျက်သွားတာမို့ စုပ်သက်လိုက်ရင်း မိခင်ဖြစ်သူအနားသို့ရောက်လာကာ

"အမေ....သားကိုလေ....အဲ့မာန်ဝန်ထန်ဆိုတဲ့လူကြီး ရဲ့ ပုံဖြစ်ဖြစ်ပြပါလား....!!"

"ဟဲ့....အပေါ်တက်ရင်ဖြစ်တွေ့ရတော့မယ်....ပုံပြဖို့လိုသေးလို့လား စက်အာဏာရှိန်းရယ်....!!"

"အမေပြောသလို....သူကငယ်ငယ်လေးနဲ့ ဒီလိုကုမ္မဏီကြီးမျိုးကို ဦးဆောင်နိုင်တယ်မလား...!!
အဲ့တော့ သားလည်း သူနဲ့တွေ့ရင် ဘယ်လိုမျိုးနှုတ်ဆက်ရမယ် ဆိုတာကြိုတင်စဥ်းစားထားလို့ရတာပေါ့.....သူ့ရဲ့ပုံကိုကြည့်ပြီး သူ့ရဲ့အသက်ရွယ်ကိုခန့်မှန်းကြည့်ချင်လို့ပါ...!!"

မိမိစကားမှာ အဓိပ္ပာယ် မရှိသော်လည်း မိခင်ဖြစ်သူမှာအဟုတ်ကြီးမှတ်ပြီးစဥ်းစားနေသည်ထင်ပါသည်

ခေတ္တကြာတော့ သူမ၏ဖုန်းအားထုတ်လိုက်ကာ မိမိအားဖုန်းscrren အားလှမ်းပြလိုက်ပြီး

"အဲ့တာ....မောင်မာန်ဝင့်ထည်ပဲ....!!"

"ဗျာ....!!"

စက်အာဏာရှိန်း မြင်လိုက်ရသောမြင်ကွင်းကြောင့် မယုံနိုင်ဖြစ်သွားကာ မိခင်ဖြစ်သူလက်မှဖုန်းအားယူလိုက်ကာ ဓာတ်ပုံထဲမှသူအား သေချာကြည့်လိုက်ရင်း

You've reached the end of published parts.

⏰ Last updated: Sep 05 ⏰

Add this story to your Library to get notified about new parts!

ZARNWhere stories live. Discover now