Episdoe 4 Part 1

1.7K 48 10
                                    

ည ၁၂နာရီထိုးတွင် သျှင်ရဲထွဋ် တရေးနိုးလာတော့ ဘေးနေရာတွင် စျာန်လင်းခေတ် မရှိတာကြောင့် စိတ်ထစ်မိသွားကာ

*ညဘက်တွေထိ ဂိမ်းဆော့နေပြန်ပြီလား..*

မနေ့က ပြန်ရောက်ကတည်းက နားချင်တယ်ဆိုပြီး အစောကြီး အိပ်ယာဝင်သွားသော်လဲ သူငယ်ချင်း တွေနဲ့သွားတွေ့ပြီးမှ မျက်နှာမလန်းလာတာကိုတော့ သျှင်ရဲထွဋ် သတိထားမိလေသည်

တစ်ခါတစ်လေ ညီငယ်က ညဘက် ညဥ့်နက်တဲ့အချိန်ထိ ဂိမ်းဆော့တတ်တာမို့ သျှင်ရဲထွဋ် ဂိမ်းဆော့တာရပ်ပြီး အိပ်ဖို့ ပြောရန် အပြင်ဘက် ဝရန်တာဘက်တွင် ရှိလောက်မည် ဆိုပြီး ထွက်လာခဲ့လေသည်

ဝရန်တာ နားရောက်တော့ မီးငွေ့များလွင့်ပျံခြင်းနှင့်အတူ ညီငယ်တစ်ယောက် ဆေးလိပ်သောက်နေတာကိုမြင်တော့ သျှင်ရဲထွဋ် အနားသွားလိုက်ကာ

"ဆေးလိပ်တွေ ပြန်သောက်နေပါလား ညီငယ်....ဘာလို့လဲ စိတ်ညစ်စရာတွေများရှိလို့လား..?"

စျာန်လင်းခေတ် မှာ တစ်ခါတစ်လေ ‌ေတာ့သောက်တတ်သည့်အကျင့်ရှိသော်လည်း မနေ့ညကတည်းက မျက်နှာမကောင်းသည်မို့ မဆီမဆိုင် ပဲမေးလိုက်ခြင်းဖြစ်သည်

မိမိစကားကြောင့် စျာန်လင်းခေတ် ဆံပက်များကို အပေါ်သို့သပ်လိုက်ကာ သက်ပြင်းချလိုက်ပြီး

"မရှိပါဘူး....ဒီတိုင်းပဲ ပြန်သောက်ချင်လာလို့.."

သျှင်ရဲထွဋ် ဒီတိုင်းပဲ ဆိုသော စျာန်လင်းခေတ် ရဲ့စကားအား မယုံချင်ပေ ညီငယ့်ရဲ့မျက်နှာတွင် တစ်ခုခုကို ကြောက်ရွံ့ နေသည့် အမူရာဖြစ်နေတာကို ရိပ်မိနေတာကြောင့် တစ်ခုခုကို သတိရသွားကာ.....

"မနေ့က....ညီ့ အချစ်ဦးနဲ့ ပြန်တွေ့ခဲ့လို့လား...?"

ထိုအခါ ညီငယ်သည် မိမိဘက်သို့ကြည့်လာကာ...ခေါင်းညိတ် လိုက်ပြီး

"အင်း...ဟုတ်တယ် အစ်ကို...သူကတော်တော်ပြောင်းလဲသွားတာပဲ လုပ်ငန်းအများစုကိုတောင် ဦးဆောင်နိုင်တဲ့သူဖြစ်နေပြီ..."

"အဲ့တာထက် ညီငယ်ကရော... သူ့ကိုအခုချိန်ထိ ချစ်နေတုန်းပဲလား...?"

ZARNWhere stories live. Discover now