သျှင်ရဲထွဋ် ကားထဲမှာ စောင့်ရတာ ပျင်းလာတော့....ကားပေါ်မှဆင်းကာ စျာန်လင်းခေတ် တို့အရင်နေတဲ့ခြံအပြင်ဘက်က အုတ်ခုံ လေးပေါ်တွင် ထိုင်လိုက်၍ ခြံကြီးရဲ့ အခြေနေကြီးအား လိုက်ကြည့်နေမိလေသည်
"ညီငယ့်ကိုသာ ဒီအိမ်ကြီးကို လက်ထပ်လက်တောင်အနေနဲ့ ပေးရင် သဘောကျမယ်ထင်တယ်...!!"
တစ်ယောက်တည်းအတွေးများနဲ့သဘောကျနေစဥ်မှာပဲ ခြံအတွင်းဘက်က အမျိုးသား တစ်ယောက်ထွက်လာကာ.... တံခါးနားသို့လျှောက်လာပြီး....သံတံခါးကြီးအား ဆွဲဖွင့်လိုက်တာကြောင့် သျှင်ရဲထွဋ် ထိုကောင်လေးအားနှုတ်ဆတ်လိုက်လေသည်
"အာ....ဒီက ညီလေးက ဒီခြံပိုင်ရှင်လားဗျ...?"
မိမိစကားကြောင့် တစ်ဖက်က လူမှာ ခေါင်းညိတ်လိုက်ကာ....
"ဟုတ်ပါတယ်...ဒါနဲ့ ဒီက Broက..?"
မျက်လုံးများ အနည်းငယ် ရီဝေနေသည့်အပြင် ထိုကောင်လေးဆီမှ စျေးကြီးသည်ဟုထင်ရသော ဝိုင်အနံ့အားရတာမို့ သျှင်ရဲထွဋ် ထိုကောင်လေးရဲ့ ပုံစံအား ခန့်မှန်းမိလေသည်
"အာ....အစ်ကို့နာမည်က သျှင်ရဲထွဋ် ပါ....ဒီကညီလေးက ဒီခြံပိုင်ရှင်ဆို အစ်ကို တစ်ခုမေးစရာရှိလို့ပါ..."
ထိုအခါ တစ်ဖက်က ကောင်လေးမှာ ခေါင်းအားညိတ်လိုက်တော့ သျှင်ရဲထွဋ် လဲ ပြုံးလိုက်ကာ
"ငါ့ညီက ဒီခြံကိုပြန်ရောင်းဖို့ရှိတယ်ဆို အစ်ကိုက ပြန်ဝယ်ချင်လို့ပါ....တကယ်လို့ရောင်းဖို့ရှိတယ်ဆိုရင်...!"
"နိုးပါ..... ကျွန်တော် ဒီခြံကိုပြန်ရောင်းဖို့ စိတ်ကူးမရှိဘူး...ခဗျားလာတဲ့အတိုင်း လှည့်ပြန်လိုက်တော့..."
ထို့နောက် လှည့်ထွက်ဖို့လုပ်တော့ ထိုကောင်လေးအား သျှင်ရဲထွဋ် တားလိုက်ကာ
"အကို့အတွက်က ဒီခြံကြီးက အရေးကြီးလို့ပါ ငါ့ညီ.....မင်းကူညီပေးနိုင်ရင် ကျေးဇူးတင်မိမှာပါ..."
ထို့အခါ တစ်ဖက်က ကောင်လေးမှ ပြန်လှည့်လာကာ.....
"အရေးကြီးတယ်...? နေပါဦး ခဗျားရဲ့အရေးကြီးတဲ့ကိစ္စကို ပြောပါဦး..."
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...