Episode 6 (Part 1)

1.8K 44 5
                                    

"စျာန်လင်းခေတ် မင်း...အဲ့တာ ဘာလုပ်နေတာလဲ....!"

အိမ်အပေါ်ထပ်က မာန်ဝင့်ထည် အော်သံသည် အောက်ထပ်ထိကို အတိုင်းသားကြားရလေသည်....

အလုပ်ကိစ္စ တစ်ခုနှင့် ခဏသွားပြီး ပြန်အလာ အိမ်ထိန်း ဦးမြလင်မယားက အပေါ်ထပ်က မိမိ အိမ်သူအား ဘာမှကျွေးလို့မရဘူးအားပြောသောကြောင့် သူကြိုက်လောက်ဦးမည့် Milo အား ကိုယ်တိုင်ဖျော်ခဲ့ကာ အပေါ်သို့တက်ခဲ့လေသည်

အိပ်ခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မာန်ဝင့်ထည် ထောင်းခနဲ ဒေါသထွက်သွားမိလေသည်....မိမိမြင်လိုက်သည်က
ပြတင်းပေါက်အား ငေးကြည့်ကာ စီးကရက် ဖွာနေသော မိမိ အိမ်သူပင်ဖြစ်သည်.....

လက်ထဲက Milo ဖျော်လာသည့် ခွက်အား နီးစပ်ရာ စားပွဲတစ်ခုတွင် ချပြီး စျာန်လင်းခေတ် ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လာကာ စီးကရက်အား လှမ်းယူကာ ပြတင်းပေါက်သို့ ပစ်ချလိုက်သည်

"xီးလုပ်နေတာလား အဲ့တာ...ဟမ်...?
မင်းစီးကရက် သောက်တတ်နေတာလား...?"

စျာန်လင်းခေတ် မှာ မာန်ဝင့်ထည် အား ဘာမှ မတုန့်ပြန်ပဲ လျစ်လျူပြု ကာ ကုတင်ဘက်သို့ ပြန်လာလိုက်ကာ နံရံထက်က K-Drama လာနေသော TV အား ငိုင်ကြည့်နေသည်

မာန်ဝင့်ထည် ကတော့ နောက်က တပ်ကြပ်မကွာ လိုက်လာ၍....

"မင်း ကိုယ့်ကို သောက်ရေးမလုပ်တာလား...?
ကိုယ်မေးနေတာဖြေလေ...."

"ငါ့မှာ စီးကရက် သောက်တာတောင် မင်းဆီက ခွင့်ပြုချက်တောင်းဖို့လိုလား.....မာန်ဝင့်ထည် ..?"

မျက်နှာဖြူဖျော့နေသော စျာန်လင်းခေတ် ကြောင့် မာန်ဝင့်ထည် ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်များ ပိုပိုတိုးလာသည်မှာ အမှန်ပင်.....

"မင်းမှာ အစာမရှိဘူးလေ.....မင်းသောက်ချင် ရင် သောက်ပါ.... ဒါပေမယ့်..."

"စီးကရက် သောက်ဖို့ အစာတောင်လိုသေးတာလား....မာန်ဝင့်ထည် ..?
ဟက် မင်းသောက်ရမ်း ဟာသ ပြောတတ်တာပဲ...."

မိမိပြောသမျှ အကန်တွေ ချည်းပြောနေသော သူကြောင့် မာန်ဝင့်ထည် မိမိစိတ်များအား အတတ်နိုင်ဆုံးထိန်းလိုက်ကာ....

ZARNWhere stories live. Discover now