Episode 10 (Part 3)

1.7K 32 7
                                    

တစ်ခါက နားထောင်ဖူးတဲ့ သီချင်းတည်းကလိုပေါ့

🎵 ကိုယ့်အလင်းရောင်ထင်တဲ့ အချစ်ဆိုတာ....
သန်းခေါင်ထက် နက်တဲ့ည....မှောင်မိုက်ရ....🎵 ဆိုတဲ့စာသားလေးအတိုင်းပါပဲ

ကျွန်တော် ဒီအချစ်ဆိုတဲ့အရာကြောင့် ဘယ်လောက်ထိ မိုက်မဲမိတဲ့ အမှားတွေကို ဆက်လျှောက်လှမ်းရဦးမလဲ မသိတော့ပါ......

တစ်ခါတစ်လေ ကိုယ်ချစ်ရတဲ့သူက သူချစ်ရတဲ့ သူနဲ့ ပျော်နေရတာ မြင်တိုင်း....ဒီရင်ဘတ်ထဲက ဝေဒနာတွေက ပိုပိုဆိုးလာတာအမှန်ပင်.....

ဒီလူသားလေးကို ကျွန်တော် စ ချစ်ပြီးနောက်ပိုင်း စိတ်ကူးယဥ်ခဲ့တဲ့ အချစ်ဇာတ်လမ်းက ရိုးရှင်းလွန်းပါတယ်......ဒါပေမယ့် အခု ကျွန်တော် ကြုံတွေ့နေရတာတွေကို နောက်နောင် ကိုယ့်သား/မြေးတွေကို ပြန်ပြောရင် ဟာသ တစ်ခုလိုများဖြစ်နေမလား.......,

ရုပ်ရှင်တွေ ဗွီဒီယိုထဲကလို ခေါင်းဆောင် မင်းသားနဲ့ မင်းသမီး ပေါင်းတာတွေကို နောက်ကွယ်က မနာလိုတဲ့ ဗီလိန် ဇာတ်ကောင်က လိုက်ဖျက်စီး တာကိုပဲ ကြည့်ခဲ့ရလို့လား မသိပါ.....

ဒီအချစ်ဇာတ်လမ်း တစ်ပုဒ်မှာတော့.....ကျွန်တော်က ခေါင်းဆောင် မင်းသားနေရာကနေ ဗီလိန်နေရာကို  တန်းပြီး ရောက်သွားတာကို တွေးတွေးကြည့်မိတိုင်း ရင်တွေပူလာမိတာအမှန်ပါ.......

တကယ်တော့ ဇာတ်လမ်းတိုင်းရဲ့ ဗီလိန်ကတော့ အချစ်စစ်နဲ့ ထိုက်တန်သင့်သည်မဟုတ်လား.....

***********

မာန်ဝင့်ထည် သျှင်ရဲထွဋ် ၏  ဆိုင်အပြင်ဘက်ကနေ ဆိုင်အတွင်းထဲသို့ အခြေနေအကဲခတ်ကြည့်တော့ ဝယ်သူ သိပ်မရှိတာကြောင့် ခပ်တည်တည်နှင့် ဝင်လာခဲ့လေသည်......

"ဟုတ် ကြိုဆိုပါတယ်ဗျ ဘာများလိုအပ်လို့ပါလဲ...."

ဆိုင်အတွင်းသို့ ဝင်လိုက်တာနှင့်အတူ လာနှုတ်ဆက်သော ဆိုင်ဝန်ထမ်းလေးအား မာန်ဝင့်ထည် တစ်ချက်ပြုံးပြလိုက်ကာ နေကာမျက်မှန်အနက်ရောင်အားချွတ်လိုက်၍

"ညီလေးတို့ ဆိုင်ရှင်နဲ့တွေ့ချင်လို့ပါ.....အစ်ကို့ကို တစ်ချက်လောက်ခေါ်ပေးနိုင်မလား...?"

ZARNWhere stories live. Discover now