Episdoe 12

1.3K 38 6
                                    

စျာန်လင်းခေတ် မှောင်မိုက်သော တိုက်ခန်း၏ အောက်ခြေတွင် ကြောင်ကာ အပေါ်ထပ်အားရပ်ကြည့်နေမိသည်

ပတ်ဝန်းကျင်အား ကြည့်မိတော့ လူအရိပ်ယောင်မရှိသည့်အပြင် တိုက်ခန်းတစ်ခုလုံးမှာလည်း မှောင်မဲလို့နေသည်

ထို့ကြောင့် လေးလံသောစိတ်များအား စုစည်းလိုက်ကာ တိုက်အပေါ်ထပ်အား ပြန်လည်ကြည့်မိလိုက်တော့
မိမိတို့အခန်းတွင် မီးကွက်ပြီးလင်းနေတာမို့ နည်းနည်းရင်အေးသွားကာ

"အာ.....မီးပျက်နေတယ်ထင်တယ်....ဒါနဲ့ ဘာလို့....."

၁၆လွှာရှိသော တိုက်ခန်းတွင် မိမိတို့အခန်းက 7 ထပ်ဖြစ်တာကြောင့် စျာန်လင်းခေတ် ဝေဝါးနေသော မျက်လုံးများအား ပွတ်သတ်ကာ သေချာကြည့်လိုက်တော့

"ဟင် အဲ့တာ....အစ်ကို...."

အစ်ကိုသည် ဝရံတာအားကျောပေးထားလျက် တစ်စုံတစ်ယောက်အား တွန်းထုတ်ကာ ရုန်းကန်နေသည်ကိုတွေ့လိုက်ရလေသည်
တစ်ဖက်ကလူက အစ်ကို့အား ထိုဝရန်တာမှ တွန်းချဖို့ကြံစည်နေသည်နှင့် တူပါသည်

"ညီငယ်....ကိုယ့်ကို....ကယ်ပါဦး..."

ခြောက်ခြားစရာ အော်လိုက်သော အစ်ကို့ရဲ့အသံသည် မြေပြင်ထပ်က မိမိဆီသို့အတိုင်းသား ပဲ့တင်စွာကြားလိုက်ရတာကြောင့် စျာန်လင်းခေတ် စိတ်ပူသွားကာ

"ခဏလေးစောင့် အစ်ကို....ကျွန်တော်တက်လာပြီ....!!"

စျာန်လင်းခေတ် ဓာတ်လှေကားရှိရာသို့ သုတ်ခြေတင် ပြေးတော့ ဓာတ်လှေကားမှာ မီးပျက်နေသ၍ အလုပ်မလုပ်တာကြောင့် ဘေးဘီကိုကြည့်တော့ လုံခြုံရေးဦးလေးကြီးလဲ မရှိတာမို့ အရေးပေါ်အခြေနေဖြစ်တာကြောင့် လှေကားကနေတစ်ဆင့်ပြေးတက်လာခဲ့လေသည်

စိတ်ထဲတွင် လေးလံသည့်စိတ်နှင့် အစ်ကို့ကို စိတ်ပူသည့်စိတ်က ချောက်ကမ်းပါးအစွန်အဖျားတွင် မတ်တပ်ရပ်နေရသလိုပင်

*အဲ့တာထက် အစ်ကို့ကို တွန်းချနေတာဘယ်သူလဲ....ဧကန္တ.....မာန်ဝင့်ထည် များလား....?*

ရှိသမျှ အားကုန်ပြေးလာရင်း မိမိတို့အခန်းရှိရာကိုမြင်နေရပြီဖြစ်သည်
အခန်းတံခါးမှာ ပွင့်နေတာကြောင့် စျာန်လင်းခေတ် ပြေးဝင်သွားတော့.....

ZARNWhere stories live. Discover now