"ပြောလေ ညီငယ်....! မင်းကိုယ့်ကိုတကယ်ပဲမုန်းတာလားလို့လေ....!!"
သျှင်ရဲထွဋ် နားထင်သို့ ကိုယ့်ဟာကိုယ်ပြန်ချိန်ထားသော သေနတ်အား လက်ညိုးကွေးဖို့လုပ်စဥ်မှာပဲ
စျာန်လင်းခေတ် ဆီက တစ်ခုခုနဲ့ပစ်ပေါက်ခြင်းအား ခံလိုက်ရလေသည်*ခွပ်*
နှဖူးတည့်တည့်သို့မှန်လာသော TV ရီမုအား သျှင်ရဲထွဋ် အာရုံရောက်နေစဥ်မှာပင် လက်ထဲကရှိနေသော သေနတ်သည် စျာန်လင်းခေတ် လုယူခြင်းအားခံလိုက်ရလေသည်
"ညီငယ်....မင်း....!"
"ခဗျား....ထက်ကျွန်တော်က ဒီလူ့လောကကြီးကိုအရှူံးပေးချင်နေတာနော် အစ်ကို....ကျွန်တော်ကိုယ့်ဟာကိုတကယ်ပစ်လိုက်မှာ...!"
စျာန်လင်းခေတ် သည် သူ့နားထင်အား သေနတ်ဖြင့်ချိန်လိုက်ကာ သျှင်ရဲထွဋ် အားပြန်လည်၍ ခြိမ်းခြောက်လိုက်ရလေသည်
"လက်ထဲက သေနတ်ကိုချလိုက် ညီငယ်....ဒါနောက်စရာမဟုတ်ဘူး....!!"
"ကျွန်တော် တကယ်ပစ်လိုက်မှာနော် .....အစ်ကို!!!
ကျွန်တော်ကော အခုတကယ်အသက်ရှင်ချင်နေသေးတယ်ထင်နေတာလား....? ဟမ်အစ်ကိုနဲ့ မာန်ဝင့်ထည် ရဲ့ အမုန်းတရားတွေကြားထဲမှာ ပိတ်မိနေတဲ့ ကျွန်တော့်ကိုကျွန်တော့်လဲ မုန်းနေပြီ......
ဟုတ်ပါတယ်....အစ်ကိုတို့နှစ်ယောက်လုံးမမှားဘူး ကျွန်တော်ပဲမှားတာ.....ဒီဇာတ်လမ်းကိုစရေးခဲ့တဲ့ ကျွန်တော့်ကိုကျွန်တော်ပဲ အပြစ်တင်ရတော့မှာ....."
ထိုအခါ သျှင်ရဲထွဋ် စုတ်သပ်လိုက်ကာ ဆံပင်အားသပ်တင်လိုက်ပြီး...ဘေးနားက ခုံပေါ်တွင်ထိုင်လိုက်လေတော့သည်
"ကိုယ်မင်းကိုချစ်တယ် ညီငယ်.....ကိုယ့်စကားတွေကိုမင်းယုံမလားကိုယ်မသိပေမယ့်.....အနည်းငယ်လေးတော့ နားဝင်ပေးစေချင်တယ်
မင်းအနားကို ဟန်ဆောင်ပြီးချည်းကပ်ခဲ့ပေမယ့် အခုအချိန်ထိ မင်းကိုပေးခဲ့တဲ့ မေတ္တာတရားတွေမှာ အလိမ်ညာတစ်ခုမှ မပါဘူး ညီငယ်....."
ထိုအခါ စျာန်လင်းခေတ် မှာ လက်ထဲက သေနတ်အား စားပွဲပေါ်တွင်ပြန်တင်လိုက်ပြီး သျှင်ရဲထွဋ် အနားသို့ကပ်လိုက်ကာ သျှင်ရဲထွဋ် ရှေ့တွင်ထိုင်ချလိုက်ကာ ရင်ခွင်ထဲသို့တိုးဝင်လိုက်၍ ငိုချလေတော့သည်
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...