Episode 3

1.8K 47 4
                                    

စျာန်လင်းခေတ် မင်းချစ်သူ အောင်သူရိန်ခန့် တို့ ၃ယောက်သား  ငပိုင်ချိန်းထားသည့် Hotel ဆီသို့ရောက်လာကြတော့ ဝန်ထမ်းများက ကြိုဆိုကြတော့ ၃ယောက်သား ထကြောင်မိသွားကြသည်

"သူတို့က ငါတို့ကို သိနေတာလား..?"

မင်းချစ်သူ က ပြောတော့ စျာန်လင်းခေတ်လဲ

"ဘယ်သိမလဲ ဒီလိုပဲ service  ပေးတာနေမှာပေါ့ကွာ မင်း ငပိုင့်ကို ဖုန်းဆက်ထားတယ်မလား..?"

"အေး သူအောက်ဆင်းလာနေပြီတဲ့.."

"အဲ့တာဆို မင်းတို့အရင်တက်သွားနှင့် ငါ ကားပါကင်ထိုးပြီးလိုက်လာခဲ့မယ်"

အောင်သူရိန်ခန့် စကားအား ကျန်တဲ့နှစ်ယောက်လဲ လက်ခံလိုက်ကာ ကားပေါ်မှဆင်းလိုက်လေသည်

ထို့နောက် ငပိုင်ရောက်လာကာ စျာန်လင်းခေတ် တို့အဖွဲ့ ဘွတ်ကင်ယူထားသော စားသောင်ဆိုင်သို့ အတူတက်ခဲ့ကြလေတော့သည်

*****

"အော် ၆ထပ်မှာလား Okok"

အောင်သူရိန်ခန့် ဖုန်းချလိုက်ကာ ဓာတ်လှေကားကားအား ၆ထပ်သို့တက်ရန်နှိပ်လိုက်တော့ ဓတ်လှေကားပိတ်ဖို့လုပ်စဥ် လူတစ်ယောက်ရောက်လာကာ...

"ခဏလေး...."

ထိုလူ့ လက်ဟန့်တားလိုက်ခြင်းကြောင့် ဓာတ်လှကား တံခါးပြန်ပွင့်သွားသည် အောင်သူရိန်ခန့် လဲ အလိုက်သင့်ပြုံးပြဖို့အလုပ်

*ဟင် သူက ဒီကိုဘယ်လိုလုပ်ပြီး..*

အောင်သူရိန်ခန့် ရှေ့မှာ ရှိနေတဲ့ လူက တစ်ခြားသူမဟုတ် ရဲသွေးပါ...
နှစ်ယောက်သားရဲ့ ဆက်ဆံရေးတွေက အဆင့်တွေ တက်ပြီးမှ ထိုလူ့ဘက်က မိမိခံစားချက်တွေအား ငြင်းခဲ့သည်မဟုတ်ပါလား..

ယခုချိန်ထိ ထိုလူ့မျက်နှာကို မကြည့်ချင်လောက်တော့အောင် ဖြစ်နေပေမဲ့ ခဏလေးနဲ့ ပြီးသွားမှာပါ နောက် တွေ့ရတော့မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်လေးဖြင့် ဖြေသာ ကာ ငြိမ်ကာနေလေတော့သည်

ဓာတ်လှေကား တက်သည့်တစ်လျှောက် ရဲသွေးနှင့် အောင်သူရိန်ခန့်  နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြပေ

ZARNWhere stories live. Discover now