သိမ့်ထက်နွေ စံအိမ်ကြီးအပေါ်ထပ် မာန်ဝင့်ထည် အခန်းရှိရာသို့ တက်လာကာ မာန်ဝင့်ထည် အခန်းအပြင်ဘက်သို့ရောက်တော့ စိတ်များအားစုစည်းလိုက်ကာ.....
"စိတ်ကိုသေချာထိန်းရမယ် မောင် အခုချိန်မှာစိတ်ကွက်သွားလို့မဖြစ်ဘူး....ပြီးရင် ဟိုနေ့က ဟိုအကောင်ကိုရိုက်တဲ့ကိစ္စကို သဝန်တိုပါတယ်ဆိုပြီးရောချရမယ်........!!"
တစ်ယောက်တည်း ရေရွတ်ကာ.....စိတ်အားအဆင်သင့်ပြင်၍ Bell ခလုတ်အားနှိပ်လိုက်လေသည်
*Bell*
အချိန်ခေတ္တကြာတော့ မာန်ဝင့်ထည် က တံခါးလာဖွင့်လေသည်
တံခါးလာဖွင့်တဲ့ မာန်ဝင့်ထည် အား သိမ့်ထက်နွေ မြင်တော့ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်
ကြွက်သားအစိုင်အခဲများဖြင့် ဖြူဝင်းသော အသားရေနှင့်အတူ ယောကျာ်းပိုပီသစေသော လက်မောင်းတစ်ဖက်က တက်တူးများအား သိမ့်ထက်နွေ လိုက်ကြည့်မိလေသည်
တကယ်တော့ မာန်ဝင့်ထည် ခန္ဓာကိုယ် တစ်ခုတည်းမှာရှိတာ အောက်ဘက်တွင် ပတ်ထားသော တဘက်အဖြစ်တစ်ထည်သာရှိလေသည်ထို့နောက် လွင့်နေသော အသိစိတ်အား ပြန်ထိန်းလိုက်ကာ....
"မောင်....သိမ့်ကို စိတ်ဆိုးနေတုန်းလားဟင်..?
အဲ့နေ့ကလေ သိမ့်က မောင်နဲ့ အဲ့ကောင်လေး စျာန်လင်းခေတ် ဒီလိုအခန်းကြီးထဲ အတူနေတာ သိပြီးတော့....သိမ့်က သဝန်တိုမိသွားတာပါ....သိမ့်အခုဖြစ်နေတဲ့ စိတ်ကို မောင် နားလည်တယ်မလားဟင်...?
မောင်ကော....သိမ့်ကို တခြားယောကျာ်းနဲ့ ဒီလိုမျိုးမြင်ရင် မောင်ရော...စိတ်ထိန်းနိုင်မှာလား...?
သိမ့်ကိုနားလည်ပေးပါနော်...!!"
သိမ့်ထက်နွေ ဘက်မှ စကားတွေ တောက်လျှောက်ပြောနေသော လဲ မာန်ဝင့်ထည် မှာ စီးကရက် ဗူးမှ စီးကရက်အား မီးညှိ၍ ကုတင်ပေါ်တွင် ထိုင်ကာ စီးကရက် အား ဖွာနေလေသည်
"ကိုယ်သိချင်တာ တစ်ခုရှိတယ် သိမ့်....ရိုးရိုးသားသားဖြေပေးနိုင်မလား..?"
မာန်ဝင့်ထည် ဘက်မှ သူမဆီသို့ ရောက်လာသော အကြည့်များကြောင့် သီရိနွယ် ခေါင်းအားညိတ်လိုက်ကာ.....
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...