Episode 17 (Part 1)

1.1K 30 4
                                    

"အား ကျစ်ခေါင်းကိုက်လိုက်တာ....!!"

စျာန်လင်းခေတ် သတိရလာတော့ တဆစ်ဆစ်ကိုက်လာသည့်ခေါင်းကြောင့် မနည်းဖိထားကာ ရုန်းထလိုက်လေသည်

"ဟင်......ဒီနေရာ....."

ဟိုတစ်လောက ကျွန်တော်ရောက်ခဲ့တဲ့နေရာလေးပါပဲ ဒါပေမယ့်......ကျွန်တော့်ရဲ့ရှေ့ မလှမ်းမကမ်းက ထိုပန်းခင်းကြီးနှစ်ခုရဲ့ အလယ်တည့်တည့်ကြားတွင် စိမ်းလန်းစိုပြေလွန်းသော သစ်ပင်ကြီးတစ်ပင်.........

အဲ့တာထက် ထိုသစ်ပင်ကြီးအောက်တွင် လူတစ်ယောက်သည် ကျွန်တော့်ဘက်အား ကျောပေး၍ထိုင်ထားကာ စာအုပ်တစ်အုပ်အားဖတ်နေလေသည်

စျာန်လင်းခေတ် စိတ်ညို့ခံလိုက်ရသကဲ့သို့ တိုက်ခတ်နေသော လေပြေအေးများနှင့်အတူ ထိုသစ်ပင်ကြီးရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားလေသည်

တဖြည်းဖြည်းနီးကပ်လာလေ သစ်ပင်အောက်က လူ၏ ပုံသဏ္ဌာန်ကိုလဲ ခန့်မှန်းလို့ရသည့်အပြင် ထိုလူဝတ်ထားသည့်အဝတ်စားမှာ ကျွန်တော့်အတွက်ရင်းနှီးလွန်းသော အဝတ်စားတစ်စုံ.....

အနီနှင့်အမဲစက်ထားသော ကွက်ကြားအင်္ကျီလက်ရှည်လေးအား ထက်ဝက်ခေါက်တင်ထားကာ မွန်ပုဆိုးအနက်ရောင်လေးကိုဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက်ပါ......

ထိုလူသည် တစ်ခြားသူမဟုတ် ကျွန်တော့်ရဲ့ချစ်သူ သျှင်ရဲထွဋ် ပါ......ဝတ်ထားသော ဝတ်စုံမှာလည်း သးနဲ့ကျွန်တော် ပထမဆုံး ဆုံတွေ့တဲ့နေ့လေးတုန်းက ဝတ်စုံလေးအတိုင်းပင်

စျာန်လင်းခေတ် အံ့သြခြင်းများနှင့်အတူ ဝမ်းနည်းခြင်းကိုလည်း တစ်ပြိုင်နက်တည်း ခံစားလိုက် လေသည်

*တကယ်ဆို အစ်ကိုက ကျွန်တော့်ကိုထားခဲ့ပြီမဟုတ်လား...?*

တဖြည်းဖြည်းဖြင့် မယုံကြည်နိုင်သော အတွေးများနှင့်အတူ စျာန်လင်းခေတ် စိတ်များအား စုစည်းလိုက်၍ သျှင်ရဲထွဋ် အားလှမ်းခေါ်လိုက်လေသည်

"အစ်ကို.....!"

တဖြည်းဖြည်းချင်း ခေါ်လိုက်သော မိမိအသံကြောင့် သစ်ပင်အောက်က သျှင်ရဲထွဋ် မှာ သူ့ရဲ့အကျင့်လေးအတိုင်း မျက်မှန်လေးအားပင့်ကာ....ချက်ချင်းပင် ထိုင်ရာမှ ထလိုက်၍

ZARNWhere stories live. Discover now