"ဘယ်လိုလုပ်ကြမလဲ သွားပါပြီ....ေနွဦးဘဝတော့ ဟင့်.....!"
"နေပါဦး နွေဦးရာ သေချာကော ဆေးစစ်ပြီတာ ဟုတ်ရဲ့လား ....?"
သိမ့်ထက်နွေ နေ့ခင်းက အလုပ်လုပ်ရင်း မူးမော့လာသလိုဖြစ်လို့ အန်မိရာ ကိုယ်ကိုယ်ကို မသင်္ကာဖြစ်လို့ စစ်ကြည့်ရာမှ မိမိတွင် ကိုယ်ဝန်၃လ ရှိနေပြီဖြစ်သည်ကို သိခဲ့ရတာကြောင့် Lewis ရှိရာသို့ ရောက်လာကာ ရန်တွေ့လေတော့သည်
"အဲ့တာအကုန်လုံး ရှင့်ကြောင့်ဖြစ်တာ ကိုစိုင်း.....အဲ့တုန်းကပြောခဲ့တယ်လေ အကာကွယ်ပေါက်တော့ အသစ်သုံးပါလို့....!!
အခုမောင်သာ ဒီကိစ္စကိုသိသွားရင် ကျွန်မဘယ်လိုလုပ်ရမလဲ....? ဟမ်...?"
မိမိရင်ဘတ် အား ထုရိုက်နေသော ထိုကောင်မလေးအား ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ Lewis သက်ပြင်းချ မိလိုက်သည်
တကယ်တော့ ဒါတွေက သူဖြစ်စေချင်တဲ့ လမ်းတွေမဟုတ်လား သူ့ရဲ့ စိတ်ကူးက နွေဦးနဲ့ အတူ မိသားစုဘဝတည်ထောင်ဖို့က အဓိကဖြစ်လေသည်
သို့ပေမယ့် နွေဦးရဲ့ အတွေးကတော့ မိမိနဲ့ ထပ်တူမညီခဲ့ပါ......
"ကိုယ်တာဝန်ယူပါ့မယ် နွေဦးရာ ဘာမှစိတ်မပူနဲ့နော်....နှစ်ယောက်လုံး ကျေကျေနပ်နပ်ဖြစ်ခဲ့ကြတဲ့ ကိစ္စရဲ့ ရလဒ်ပဲ......ဖြစ်တော့လဲ နှစ်ယောက်လုံးပဲ ရလဒ်ကိုခံစားရမှာပေါ့.....
စိတ်ချ ကိုယ် နွေဦးရော ကိုယ့်ကလေးကိုရော ကိုယ်တာဝန်ယူပါ့မယ်နော်...."
Lewis သူမရဲ့ လက်ဖမိုးအား နမ်းရှိူက်ကာပြောလိုက်လေသည်
သိမ့်ထက်နွေ ကတော့ တစ်ခုခုအား အလိုမကျသော မျက်နှာအမူရာဖြင့် သူမရဲ့ လက်များအား ရုတ်သိမ်းလိုက်ကာ......"နွေဦး တောင်းပန်ပါတယ် ကိုစိုင်း....နွေဦး ဒီကိုယ်ဝန်ကိုဖျက်ချမှရမယ်.....မောင်...မောင်ကအခုတောင် နွေဦးကို စိတ်ကွက်နေတာ...ဒီ....ဒီကိစ္စတွေကိုသာ မောင်သိသွားရင် ပိုဆိုးသွားမှာပေါ့
မဖြစ်ဘူး.....ဒီကိစ္စကို မောင့်ကိုအသိခံလို့မဖြစ်ဘူး...."
"သိမ့်ထက်နွေ မင်းရူးနေလား....!!"
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...