Episode 18

1.1K 27 5
                                    

"ဘာလိုလိုနဲ့ ခဗျားကျွန်တော့်ကိုထားသွားတာ ၈ရက်မြောက်ပြီ Jade....

ဘာလို့ ခဗျားကိုလွမ်းနေမယ့် ကျွန်တော့်ကိုမှထားသွားရတာလဲ......ခဗျားမရှိရင် အခံစားရဆုံးလူက ကျွန်တော်ဖြစ်မယ်ဆိုတာ ခဗျားသိသိရက်နဲ့ဗျာ...!"

Riel ကုတင်ထက်တွင် ဖုန်းထဲမှ Jade ၏ ဓာတ်ပုံလေးအားကြည့်ကာ မျက်ရည်ကျနေမိတော့သည်

မာန်ဝင့်ထည် ဘက်က Jade ၏ Death Body အား သူ့လူတွေနဲ့အတူ ပို့ပေးလိုက်တော့ Riel တစ်ယောက် အစက ရူးမတတ်လောက်အောင် ခံစားမိတာအမှန်ပင်

သူအချစ်ရဆုံး တိတ်တိတ်လေးသဘောအကျရဆုံး ယောကျာ်းကို Riel သည် တောက်ပနေတာကိုပဲမြင်ချင်ခဲ့တာပါ အခုတော့...ထင်ထားတာတွေနဲ့ တစ်ခြားဆီဖြစ်နေတော့ ကြေကွဲရမိတာအမှန်ပင်

ပြိုလဲလုနီးပါးဖြစ်နေသော စိတ်ကြီးအား Riel ဒီရက်ပိုင်းအတွင်းအနည်းငယ် တည်ငြိမ်အောင် ပြန်ကြိုးစားနေရင်း အခန်းအောင်းနေတာ ရက်လည်အလှူလုပ်ပြီးသည့်နေ့ကတည်းကပင်

"ခဗျားလုပ်ရက်တယ်နော် ခဗျားကိုမချစ်တဲ့သူကိုမှ ဘာလို့ကာကွယ်ပေးချင်ရတာလဲ Jade.....ရက်စက်လိုက်တာဗျာ..."

တဖြည်းဖြည်းနှင့် နာကျည်းလာတာက စျာန်လင်းခေတ် ကိုပါ.....
ကိုယ့်ချစ်သာတစ်ယောက်လုံး ဒီလိုကိစ္စဖြစ်တာကို ဘယ်ကိုရှောင်ပြေးနေတာလဲတော့ Riel မသိရသေးပါ
စုံစမ်းသင့်သလောက် လိုက်စုံစမ်းသော်လည်း တစ်ပတ်အတွင်းဘာမှထူးမလာခဲ့

"စျာန်လင်းခေတ်!!! ခွေးကောင် ဒါတွေအားလုံးက မင်းကြောင့်ဖြစ်ရတာ....မင်းက...ကောင်းကျိုးမပေးတဲ့ကောင်ပဲ....!!!! ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး.........မင်းနဲ့မာန်ဝင့်ထည် ပေါင်းပြီး Jadeကို လုပ်ကြံကြတာ.......!!"

Riel လက်ထဲကဖုန်းအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ကြိမ်းဝါး မိလေသည်

"ငါရူးမတတ်ခံစားရသလို....မင်းလဲ ခံစားရမယ် စျာန်လင်းခေတ်!!!!!"

****************

အချိန်အားဖြင့် ည၁၂နာရီခွဲ

သတိပြန်ရကတည်းက အခုချိန်ထိ အစာမရှိလို့နဲ့တူပါသည် ဝမ်းဗိုက်အတွင်းက ဇာတိကပြလာလေပြီ...

ZARNWhere stories live. Discover now