စျာန်လင်းခေတ် ဒီနေ့၉နာရီအရောက် ကျောင်းကိုသွားရမည်ဖြစ်တာကြောင့် ၈နာရီကတည်းက ကြိုတင်ပြင်ဆင်ပြီးသားဖြစ်နေပြီဖြစ်သည်
အရင်ဆုံးမင်းမင်း ဆီကိုသွားပြီးမှ အဲ့ကနေလူစုပြီးကျောင်းကိုထွက်မှာဖြစ်တာကြောင့် တမင်ကြိုတင်ကာ စောစောပြင်ဆင်ထားခြင်းဖြစ်သည်
"ဒီအချိန်ဆို ဟိုကောင်က ရုံးသွားပြီလား....ကျစ်...သွားရင်ကောင်းမှာပဲ...!"
တစ်ယောက်တည်း ရေရွတ်ရင်း စုတ်သတ်လိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့လေသည်
အောက်ထပ်သို့ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စျာန်လင်းခေတ် အောက်ဆင်းရမှာတောင် တွန့်သွားလေသည်
"အဲ့တာကဘာလုပ်နေကြတာလဲ....?"
"သခင်လေးစျာန် ကိုစောင့်နေတာပါ....ဒီနေ့ သခငါလေးသွားမယ့်နေရာကို ကျွန်တော်တို့က ဘေးမသီရန်မခအောင် ပို့ပေးမှာပါဗျ...!"
ဝတ်စုံအနက်နှင့်အတူ နေကာမျက်မှန်အမဲကြီးတွေအားဝတ်ဆင်ထားသော လူ၃ယောက်သည် မိမိအားစောင့်နေတာကြောင့် စျာန်လင်းခေတ် လန့်သွားမိတာတော့အမှန်ပင်
"ခဗျားတို့ပုံစံကလဲ ဇာတ်ကားတွေထဲက ဂိုဏ်းစတားတွေကြနေတာပဲ....ကျစ်...ဒီပုံစံနဲ့ဘယ်လိုလုပ် ကျောင်းကိုလိုက်မှာလဲ...!!?
ဟိုမာန်ဝင့်ထည် ဆိုတဲ့ကောင်ကော!!!....?"
"ဟိုလေ....သခင်လေးမာန်က ဒီနေ့အရေးကြီးတဲ့ တွေ့ဆုံပွဲလေးရှိလို့ နေ့ခင်းလောက်အိမ်ကိုတန်းပြန်လာမယ်လို့ပြောပါတယ်...! အဲ့တာကြောင့်မို့ ကျွန်တော်တို့ကို သခင်လေးစျာန်နဲ့အတူလိုက်ခိုင်းလိုက်တာပါ....."
စျာန်လင်းခေတ် သက်ပြင်းချလိုက်ကာ ခေါင်းကိုခါလိုက်ရင်း စိတ်ထဲကနေမာန်ဝင့်ထည်အား ကျိန်ဆဲနေမိတော့သည်
*ဟူး....ဒီခွေးကောင်နဲ့တော့....!*
စျာန်လင်းခေတ် ဘာမှမပြောချင်တော့တာမို့ ထိုလူတွေနောက်ကိုသာလိုက်ခဲ့လိုက်တော့သည်
လမ်းတစ်လျှောက်လုံးတွင်တော့ စိတ်ထဲတွင် ကျိန်ဆဲသံများဖြင့်အပြည့်ပေါ့
YOU ARE READING
ZARN
RomanceZARN (Season 2) Note Seme is Asshole!!! ကိုယ်ချစ်ရတဲ့သူကို ရဖို့ ဘာမဆိုလုပ်ရဲတဲ့သူမျိုး..... ကလေးနှစ်ယောက်နဲ့ မတည့်အတူနေ ပါးပါးနှစ်ယောက်ရဲ့ ချိုတလှည့်လောင်တလှည့် Drama ကို တွေ့ရမှာပါ...