Episode 15 (Part 2)

1.1K 32 4
                                    

"ဘာထူးလဲ Riel ဖုန်းဝင်လား...?"

စိုးရိမ်တကြီး မေးလာသော သျှင်ရဲထွဋ် ကြောင့် Riel လဲ ဖုန်းအားကိုင်ထားလျက် ခေါင်းခါပြလိုက်တာကြောင့် သျှင်ရဲထွဋ် စုပ်သတ်လိုက်မိသည်

"ကျစ်...ဆိုင်ကိုလဲမသွားဘူးတဲ့....ညီငယ်တစ်ယောက် ဘယ်တွေသွားနေတာလဲ....အိမ်ကလဲ တစ်ယောက်ယောက်ရှင်းထားသလိုမျိုးကြီး.....ဧကန္တ ဒီရက်ပိုင်း ညီငယ်အိမ်ကိုပြန်မလာတာလား....?"

သျှင်ရဲထွဋ် အိမ်ပြန်ရောက်လာတော့ မိမိတိုက်ခန်းမှာ မိမိသွားတုန်းကထက်ကို ပိုပြီးရှင်းလင်းလျက်ရှိပြီး စျာန်လင်းခေတ် နေသည်ဟုမထင်ရလောက်အောင် သပ်ရပ်နေတာကြောင့် စိတ်တော့ခုမိတာအမှန်ပင်

တကယ်ဆို စျာန်လင်းခေတ် က အိမ်ကိုသိပ်ရှင်းလေ့ရှင်းထမရှိဘူးမဟုတ်လား

အတွေးတွေများစွာဖြင့် ပြာယာခတ်နေသော သျှင်ရဲထွဋ် အားကြည့်ပြီး Riel သက်ပြင်းတစ်ချက်ချလိုက်ကာ

"ဟင်း.....သူအပြင်သွားတာနေမှာပါ.....စိတ်ပူမနေပါနဲ့....ကလေးလည်း မဟုတ်တာကို...."

ထိုအခါ သျှင်ရဲထွဋ် ၏အကြည့်များသည် တင်းမာလာပြီး

"မင်းအဲ့လိုလွယ်လွယ်မပြောနဲ့ Riel.....တကယ်လို့ ရိုးရိုးတန်းတန်း အပြင်သွားတာမဟုတ်ပဲ မာန်ဝင့်ထည် ဆိုတဲ့ကောင်ရဲ့လက်ချက်ကြောင့်ဆိုရင်ကော....?"

"ဖုန်းကဝင်နေလည်း ကိုင်မှမကိုင်တာ....သူသာတကယ် ဒုက္ခရောက်နေတယ်ဆို ဖုန်းကစက်ပိတ်နေမှာပေါ့.....ခဗျားပြောသလို မာန်ဝင့်ထည် နဲ့အတူရှိနေတာများလား...?

ဧကန္တ အခုချိန်ထိ အလုပ်ရှူပ်နေကြတာများလား...?"

Riel ၏ စကားကြောင့် သျှင်ရဲထွဋ် ချက်ချင်းမျက်နှာပျက်သွားကာ လက်ကိုင်ဖုန်းအားထုတ်လိုက်ပြီး....
မာန်ဝင့်ထည် ၏ ဖုန်းအားခေါ်ဖို့လုပ်နေစဥ်မှာပင်
အတွေးတစ်ခုက ခေါင်းထဲဝင်လာလေသည်

"မာန်ဝင့်ထည် ဆိုတဲ့ကောင်ကိုအသိပေးလို့မဖြစ်ဘူး.....အခြေနေတွေဒီထက့်မဆိုးခင် ညီငယ်သွားလာတတ်တဲ့နေရာတွေကိုလိုက်ရှာရမယ်...."

သျှင်ရဲထွဋ် ဖုန်းအား ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ကာ အပြင်ထွက်ဖို့လုပ်စဥ်မှာပဲ
Riel ကနောက်မှလှန့်တားလိုက်ကာ

ZARNWhere stories live. Discover now