2

342 13 0
                                    

ကျွန်တော် assigment အတွက် စာရှာနေရင်း
ဆရာမ ဝင်လာသည့် အတွက် ဖုန်းကို ပိတ်ထားလိုက်သည်။ ကျွန်တော်တို့ အဖွဲ့တွင် ကျွန်တော်၊ ငုဝါလှိုင်၊ သက်တံ နှင့်
ဝဏ္ဏကျော်သူတို့ ပါကြသည်။ သို့သော် ကျွန်တော်မှအပ ကျန်သော ၃ယောက်မှာ အတန်းပုံမှန် တက်ရန် စိတ်မဝင်စားကြ။ ကျွန်တော် တစ်ယောက်ထဲ ပင်ပန်းဖို့ များသည်။

"ဆရာမ ဝင်ခွင့်ပြုပါ"

ကျွန်တော် assigment အတွက် အာရုံပျံ့လွင့် နေဆဲတွင် သက်တံက အခန်းထဲရောက်လာသည်။

"လူရှိလား"

အတန်းထဲက ထိုင်ခုံများက တစ်ဦးတစ်ယောက်ထဲအတွက် သတ်မှတ်ပေးထားသည် မဟုတ်။ ကျွန်တော် ထိုင်နေသည့် အတန်းတွင် ကျွန်တော်မှလွဲ၍ တခြား မည်သူမှလည်း ရှိမနေပါ။

"မရှိဘူး"

ဘေးက ထိုင်ခုံတွင် တင်ထားသည့် ကျွန်တော့်  ကျောပိုးအိတ်ကို လှမ်းယူလိုက်သည်။ သက်တံတွင်တော့ ေချာမောမှုမှ လွဲ၍ တခြားတစ်စုံတစ်ရာ ပါမလာပါ။

"ဟပ်ချိုး...."

သက်တံက နှာချေလိုက်သည့် အတွက် နည်းနည်းစိတ်ပူမိသွားသည်။ မနေ့က လိုက်ပို့ပေးခဲ့သည့်အတွက် ဆိုင်ကယ်ဆီဖိုး မတောင်းသော်လည်း ယနေ့ဆေးဖိုးများ တောင်းနေမည်လား။

"နေကောင်းရဲ့လား "

"အဆင်ပြေပါတယ်"

"ပုံမှန်ဆို အတန်းမတက်ဘူး မဟုတ်လား၊ ဘာလို့ ဒီနေ့မှ...."

"assigment ရှိတယ်မဟုတ်လား "

ကျွန်တော် အံ့သြလွန်းလို့ သူ့မျက်နှာကို စိုက်ကြည့်နေမိသော်လည်း ကျွန်တော့် လက်ထဲက စာအုပ်ကို ဆွဲယူပြီး

"စာသင်ချိန်မှာ စကားပြောတာ သိပ်မကောင်းဘူးနော်...ဆရာမ
မောင်းထုတ်နေမယ် "

အရမ်းကို စည်းကမ်းသိတတ်နေသူကြီး...

သက်တံကတော့ ကျွန်တော့်စိတ်ကူးကို မသိဘဲ ငြိမ်သက်စွာ နားထောင်နေဆဲ.......

--------------------------

အတန်းပြီးသွားသည့် အခါ ကျွန်တော် အချိန်ပိုင်း လုပ်နေသည့် ကိတ်မုန့်ဆိုင်သို့ အကုန်လုံးကို ချိန်းလိုက်သည်။

He is my ExWhere stories live. Discover now