22

161 5 0
                                    

လင်းနောက်ကို လိုက်သွားရမည်ဟု တွေးရုံနှင့်ပင် ပြုံးမိနေပြီးဖြစ်သည်။ လင်း၏ အိမ်သို့ ရောက်သွားသော အခါ အရမ်း ပျော်ရွှင်လာသည်။ တောင်ကြီးမှ ကလောသို့ lite truck ဖြင့်သာ သွား၍ ရသော်လည်း အရမ်းပျော်စရာကောင်းသည်။ ကွေ့ကောက်နေသော လမ်းများကို တွေ့​မြင်နေရသည့် အလှမှာ ဘာနှင့်မှမလဲနိုင်။

လင်းအိမ်သို့ ရောက်သည်နှင့် မိဘများက စီး၍ ကြိုဆိုကြသည်။ ကျွန်တော်နှင့် မတူသည်က လင်းတွင် မိဘနှစ်ပါးစလုံး ရှိသည်။ အသက်၁၀နှစ်ကျော် တူမတစ်ယောက်လည်း ရှိသည်။ လင်းတို့ မိသားစုသည် ကြည့်လိုက်ရုံနှင့် အေးချမ်းမှန်း သိသာသည်။

"သားပြန်လာပြီပဲ...သူငယ်ချင်းရော ခေါ်ခဲ့တာလား"

လင်း၏ မေမေသည် အသက်သိပ်မကြီးသေး။ ၅၀ခန့်သာ ရှိပေဦးမည်။ ကြည်လင်နေသည့် အပြုံးဖြင့် ကြိုဆိုနေသည်​့ အတွက် ကျွန်တော့် ရင်ကို အေးစေသည်။

"သားတို့ အိမ်ထဲဝင်ကြလေ"

လင်း၏ ဖေဖေဟု ထင်မှတ်ရသူကလည်း ကြိိုဆိုသည်။ ကျွန်တော်တို့၏ အထုပ်ကလေးများကိုလည်း ကူသယ်ပေးသည်။

အငယ်လေးကတော့ လင်းဆီ ပြေးလာပြီး သူ့ကိုချီစေသည်။ လင်းကလည်း လက်ပေါ်ကမချတော့။

ကျွန်တော်တို့ ဧည့်ခန်းတွင် ခဏထိုင်ဖြစ်ကြသည်။ လင်း၏ အိမ်သည် ပျဥ်ထောင်အိမ်ကြီး ဖြစ်သည်။ ကျွန်တော် မျက်စိကစားရာမှ လင်း၏ ဘွဲ့ဓာတ်ပုံ စီရောက်သွားသည်။ တခြား မိသားစုပုံများ၊ များကို ကြည့်မှ လင်းသည်လည်း တစ်ဦးတည်းသော သားဖြစ်သည်ကို သတိထားမိလိုက်သည်။

"ဦးဦးက ခါတိုင်းဆိုရင် ခရစ်စမတ်တိုင်း ပြန်လာတာပါ၊ ဒီနှစ်က အကြာကြီး ​နောက်ကျတယ်"

လင်းက အငယ်လေး၏ ပါးကို ရွတ်ခနဲ နမ်းလိုက်ကာ.....

"အခု ဦးဦးပြန်လာပြီပဲ"

အငယ်လေးက လင်းဘေးနားတွင် ထိုင်နေသည်​့ကျွန်တော့်ကို စိုက်ကြည့်တော့

"ဦးဦးရဲ့ သူငယ်ချင်း ဦးဦးရောင်စဉ်တဲ့"

"ဦးဦးက သမီးကို သိပ်မချစ်တော့သလိုပဲ
ဦးဦးမှာ တခြားချစ်ရမယ့် သူရှိနေပြီလား"

He is my ExWhere stories live. Discover now