26

161 7 0
                                    

ကျွန်တော် အိမ်ပြန့်ရမည့်နေ့

လမ်းတွင် စားရန်အတွက် ဒေါ်လေးမယ်ဆိုင်က ကျွန်တော် ကြိုက်တတ်သည့် ဟင်းတစ်ချို့ကို လုပ်ပေးနေသည်။ ကြက်သားကြော်၊ မန်ကျည်းသီးထောင်းနှင့် အရွက်ကြော်များပါသည်။ ကျွန်တော် ဘေးနားကနေ၍ ချိုင့်များထဲသို့ ကူထည့်ပေးဖြစ်သည်။

"ရောင်စဉ် တကယ် ပြန်တော့မှာလား"

"ဟုတ်ကဲ့"

"ရောင်စဉ် ဒေါ်လေးတို့ဆီရောက်လာတာလည်း မနေ့တစ်နေ့ကလိုပဲ အခုတော့ ပြန်မဲ့ အချိန်တောင် ရောက်လာပြီ"

ကျွန်တော် အမြဲတမ်း အတန်းတက်လိုက်၊ လင်းနောက်ကို တကောက်ကောက်လိုက်၍သာ နေတတ်သော်လည်း ဒေါ်လေးမယ်ဆိုင်ကတော့ သံယောဇဉ်ရှိနေသေးသည်။

စိတ်ထဲတွင်တော့ ဦးပြောခဲ့သည့် စကားများကို နားထဲတွင် ကြားနေဆဲ။

"ဒေါ်လေး ဦးကလေ အရင်က မိန်းမတွေ ရှိခဲ့ဖူးလား"

ဘာရယ်မဟုတ် မေးဖြစ်လိုက်သည်။ ဒေါ်လေးက နှစ်ယောက်စာ ထမင်း ထည့်ပေးနေပြီး သက်ပြင်းချလိုက်သည်။

"ဥက္ကဌကြီးကလည်း အိမ်ထောင်ရေးမှာ ကံကို မကောင်းတာပါ၊ အိမ်ထောင်ကျပြီး နှစ်နှစ်မှာ အမျိုးသမီးက ဆုံးသွားရှာတယ် စိတ်မကောင်းစရာဘဲ"

ဦးကလည်း မိန်းမရှိခဲ့ဖူးတာကို အဘယ့်ကြောင့် ကျွန်တော့် အမေအကြောင်းဆိုဖြစ်ခဲ့သနည်း။

"ဒေါ်လေးတို့ နေတာကြာပြီဆိုတော့ ဦး တခြားသူတွေနဲ့ရော တွဲတာတွေ မရှိဘူးလား"

ဦးသာ ကြားလျှင်တော​့ ကျွန်တော့်ကို မောင်းချတော့မည် ထင်သည်။

"အာ....ကျွန်တော် မမေးသင့်ဘူးကို"

"မရှိဘူး ဒါပေမဲ့ ဟိုးအရင် လက်မထပ်ခင်တုန်းကတော့ အိမ်ဖော်မလေး တစ်ယောက်နဲ့ သတင်းထွက်ခဲ့ဖူးတယ်"

"နောက်ထပ်ရော ဘာကြားသေးလဲ"

"နောက်တော့ မိဘပေးစားတဲ့ ချမ်းသာတဲ့ အမျိုးသမီးနဲ့ပဲ လက်ထပ်လိုက်တယ်"

ဒေါ်လေးက ထပ်မပြောတော့။ လင်းကလည်း ကျွန်တော့်ကို သွားရန်ခေါ်နေပြီ။

He is my ExWhere stories live. Discover now