ကျွန်တော် ခေါင်းတစ်ခုလုံး ထိုးကိုက်နေသည်။ တစ်ညလုံး မအိပ်ပျော်သည့် အတွက် ရင်ကလည်း တလှပ်လှပ်တုန်နေသည်။ ရက်ပိုင်းအတွင်း ကျွန်တော် လုံးဝ ရုပ်ဆိုးသွားကာ မျက်တွင်း များကလည်း မည်းနက်နေသည်။
မှန်အတွင်း၌ မြင်နေရသည့် ကျွန်တော့်ရုပ်သည် အရမ်းဆိုးလွန်းလှသည်။
ကျွန်တော်ကိုသက်ကို ဖုန်းခေါ်လိုက်မိသည်။
"ဟယ်လို ငယ်"
ချိုသာစွာ ဖြေလာသည့် ကိုသက်။ ကျွန်တော် မျက်ရည်ဝိုင်းလာပြန်ပြီ။ အသံကို မတုန်ယင်အောင် ထိန်းဖို့ ကြိုးစားကာ...
"ကျွန်တော်တို့ date ရအောင်...."
"တကယ်ကြီးလား....ငယ်ကအထူးအဆန်းတွေပြောနေတာဘဲ "
ရွှင်လန်းနေသည့် ကိုသက်အသံကြားပြီးပြီးချင်း မျက်ရည်များက ကျဆင်းလာပြန်သည်။
"ငယ် ကိုယ်တို့ ဝယ်ထားတဲ့ အင်္ကျီဝတ်ခဲ့နော်"
နောက်ဆုံးနေ့ပဲ ရောက်နေပြီ၊ ကျွန်တော်တို့ ထပ်တွေ့စရာ အကြောင်းလည်း မရှိတော့။ ဘာတွေကိုများ ထပ်ပြီး ဂရုစိုက်စရာအကြောင်းလည်း မရှိ။
"အွန်း...ကိုသက်..."
"ကိုယ်...လာကြိုမယ်လေ "
"လာမကြိုပါနဲ့ ကိုသက်..."
ကိုယ့်ကို လမ်းခွဲစကားလာပြောမည့် ချစ်သူကို ကားဖြင့် သွားကြိုခဲ့ရသည်ဟု အနာဂတ်တွင် မှတ်မိမနေစေချင်။ တကယ်တော့ ကျွန်တော့် အခြေအနေက ကိုယ်တိုင်လည်း ဆိုင်ကယ်မမောင်းနိုင်သည့် အတွက် taxi ပဲ ငှားရန်စဥ်းစားလိုက်သည်။
ကျွန်တော်တို့ အတူတူဝယ်ထားသည့် အင်္ကျီနှင့် ဂျင်းဘောင်းဘီ အပြာနုရောင်လေးကို ဝတ်လိုက်သည်။ ကျွန်တော် မှန်ကြည့်ချင်လွန်းလို့တော့ မဟုတ်။ ကိုသက် မျက်လုံးထဲမှာ အမြင်မတော်တော့ မဖြစ်စေချင်ပါ။
အခန်းပြင်ထွက်လာချိန်ထိ ကျွန်တော်ဟာ စက်ရုပ်တစ်ခုလို။
"သား ထမင်းစားသွားဦး"
ကျွန်တော် လှည့်မကြည့်ဖြစ်။
"တော်ပြီ မေမေ"
YOU ARE READING
He is my Ex
Romance"ကျွန်တော်တို့ လမ်းခွဲခဲ့တာဟာ ကျွန်တော့် ဘဝရဲ့ အဆုံးသတ်လို့ ထင်မှတ်ခဲ့ပေမယ့် မှားတယ် ဒါဟာ အရာအားလုံးရဲ့ အစပဲ"