19

164 5 0
                                    

နှင်းဆီပန်းပင်လေးများ ပြည့်နေသည့် ပန်းခြံကလေး၊ အိမ်ကြီးထဲတွင် အရောင်အသွေးစုံသည်​့ ပန်းအလှလေးများ၊ ရွက်လှပန်းပင်များနှင့် ရွက်ကျပင်များလည်း ရှိသည်။ လင်းက အပင်ရေလောင်းနေသည့် အတွက် ဘေးနားတွင် တကောက်ကောက်လိုက်ဖြစ်သည်။

ကျွန်တော် ပတ်တီးလည်း ​ဖြည်ပြီးသွားသည့် အတွက် လျှောက်သွားနေနိုင်ပြီ။ အိမ်ကြီးထဲတွင် တစ်ယောက်ထဲနေလျှင် စိတ်ခြောက်ခြားချင်စရာ ကောင်းသည့် အတွက် လင်းအနားကပ်ရသည်က ပျော်စရာကောင်းလှသည်။

"လင်း ဦးဆီမှာ အလုပ်လုပ်ရတာ ကြာပြီလား"

လင်းက ရွက်လှပင်များကို ရေဖျန်းနေသည့် အတွက် အပင်လေးများကို ကြည့်ကာ မေးမိသည်။ လင်းလည်း ကျွန်တော့်ကို လှည့်မကြည့်ပဲ ဖြေသည်။

"၃နှစ်ရှိပြီ၊ ကိုယ်ဘွဲ့ရပြီးတည်းကပဲ "

"ကျွန်တော့်ထက် ၅နှစ်လောက်ကြီးတာပဲ "

လင်းက နောက်တစ်ပင်ပြောင်းသွားလိုက်လျှင် ကျွန်တော်က အနောက်က လိုက်ပြန်သည်။

"ဒီလောက် ခဏလေးနှင့် အတွင်းရေးမှူးဖြစ်သွားတယ်ပေါ့"

"အွန်း....ကိုယ် ဘွဲ့မရခင်တည်းက ဦးနဲ့ ရင်းနှီးတယ်လေ၊ ကိုယ်က schlorshipရထားတဲ့ ကျောင်းသားလေ"

"ဦးဆီကလား"

လင်းက ပြုံးပြလိုက်တော့ မျက်လုံးလေးများပင် မှေးသွားသည်။ လင်းအပြုံးက တစ်မျိုးလေးပဲ။

"လင်းက အရမ်းတော်တာပဲ တကယ် ငယ်ငယ်လေးနဲ့ "

"ရောင်စဥ် ဒီအိမ်ရောက်လာပြီးနောက်ပိုင်း စကားတွေပြောလာပြီနော် "

အပြုံးတွေကို မရပ်တန့်သေးကာ ကျွန်တော့်ခေါင်းကို လာဖွသည်။ ပုံမှန်ဆို ဘယ်သူကမှဖွလေ့မရှိ၊ ကျွန်တော် မတုံ့ပြန်ဘဲ မော့ကြည့်မိသည်။

ကျွန်တော် စကားနည်းသည့် အထဲတွင်ပါသော်လည်း လူသတိထားမိအောင်များ နည်းနေသည်လား မသိ။

ခြံထဲသို့ ကားဝင်လာသည့် အသံကြားသည့် အတွက် ကျွန်တော်တို့ သွားကြည့်ကြသည်။ ဦးပြန်ရောက်ပြီထင်သည်။ လင်းလည်း အနောက်မှ လိုက်လာကာ နှစ်ယောက်သား ဆင်ဝင်အောက်တွင် စောင့်ကြသည်။

He is my ExWhere stories live. Discover now