7

220 9 0
                                    

"စာမေးပွဲက နောက်၃ပတ်နေရင် စ​ဖြေပါမည်။ နားမလည်တဲ့ စာတွေရှိရင် လာမေးလို့ ရပါတယ် "

ပါမောက္ခကြီး စာမေးပွဲများနီးကပ်လာပြီ ဖြစ်ကြောင်း မီးနီပြနေပါသည်။ ကျွန်တော့် ၏ သက်တံ့ကတော့ တစ်လောကလုံးက မှိုများအားလုံး ကိုပိုင်ဆိုင်ထားသူ လို ပျော်ရွှင်နေသည်။ စာမေးပွဲက နီးကပ်ရုံမျှမက ဖင်ထဲဝင်သွားရင်တောင် ဂရုမစိုက်သည့် အောင်နိုင်သူ မျက်နှာထားနှင့် စာအုပ်ထဲတွင် စာများ လျှောက်ခြစ်နေသည်။

ကျွန်တော် ဤသို့လျှောက်တွေးနေသော်လည်း တကယ်ပျော်မိပါသည်။ ကျွန်တော့်အပျော်က နှလုံးသားတွင် ကိန်းဝပ်နေယုံသာ မက ကျွန်တော်မျက်နှာကိုပါ တက်လာသည်။

သက်တံ့ခြေထောက်က ကျွန်တော့် ခြေထောက်ကို လာကန်နေသည့် အတွက် ရှက်တောင်ရှက်သွားသေးသည်။

ကျွန်တော့်ကို အချိုမြဆုံး မျက်နှာနှင့် ကြည့်လာသည့် အတွက် ဘယ်လိုမျက်နှာထားရမှန်းပင် မသိ။

"ဒီပုစ္ဆာကို ရောင်စဥ်တွက်ပြပါလား"

အသံက ကြားသလိုမကြားသလို အိပ်မက်လိုဖြစ်နေသည်။

"ရောင်စဥ် ငါပြောတာကြားရဲ့လား "

ကျွန်တော့်ကို ပြောနေတာပဲ....

"ဟုတ်ကဲ့ ကြားပါတယ် ခင်ဗျ"

ကျွန်တော့်ဘေးက ငုဝါလှိုင်က ကျွန်တော့်ကျောကို ရိုက်လိုက်သည်။

"အား...."

လက်ဝါးနုနုလေးက ဘာလို့ ဒီလောက်အရိုက်ကြမ်းရတာလဲ။

"ဘာလို့ ရောင်စဥ်ကို ရိုက်တာလဲလှိုင်"

မဆီမဆိုင် ထနာနေသူက သက်တံ့.....

တကယ်ရှုပ်ကုန်တော့မှာပဲ ၊ ကျွန်တော် သက်တံ့လက်ကို ဆုပ်ကိုင်လိုက်မှ ငြိမ်ကျသွားသည်။

"ငါလဲ လှိုင်...နာတယ်"

"ပါမောက္ခကထွက်သွားတာ ကြာလှပြီ...နင်က ခင်ဗျာ လုပ်နေတုန်း"

ကျွန်တော်ယောင်ပြီးပဲ ထူးလိုက်မိတာလား...

ဘာပဲဖြစ်ဖြစ်သွားဖြဲပြီး ရယ်ပြလိုက်သည်။

He is my ExWhere stories live. Discover now