Final

467 9 0
                                    

ဖေဖေရဲ့ အလုပ်မှာ လင်းမရှိတော့သော်လည်း ကျွန်တော် တောင်ကြီးကို လိုက်သွားခဲ့ပါသည်။ ဖေဖေ့ အိမ်က ဒေါ်လေးနဲ့ ဦးလေးကလည်း နောက်တစ်ကြိမ် ဝမ်းပန်းတသာ ကြိုဆိုကြသည်။

ကျွန်တော်က ဖေဖေ့သားဖြစ်ကြောင်း မိတ်ဆက်ပေးတော့ ဦးလေးနှင့် ဒေါ်လေးက အံ့ဩကြပါသည်။ သူတို့တောင် မသိခဲ့ကြတဲ့ ဒီအိမ်ရဲ့ အရှင်သခင် ဖြစ်လာမဲ့သူတစ်ဦး ဖြစ်နေသည့် အတွက်။ ကျွန်တော်လည်း ကိုယ့်ဘာသာ အံဩ၍ မဆုံးနိုင်သေး။

မေမေကတော​့ ဒီအိမ်ကြီးတွင် လာမနေခဲ့ပါ။ ဖေဖေကခေါ်သော်လည်း ငြင်းဆန်နေပါသည်။ ဒါမှမဟုတ် မေမေရဲ့ အတိတ်က ဒဏ်ရာတွေက အခုထိမပျောက်သေးသည်လား။ အိမ်ဖော်တစ်ယောက်ဖြစ်ခဲ့ဖူးသော်လည်း အဘယ်ကြောင့် အိမ်ကြီးရှင် သခင်မနေရာကို မယူဖြစ်သလဲ ဆို​တာတော့ မေမေသာလျှင် သိပါမည်။

အိမ်ဆိုင်အသေးလေး တစ်ဆိုင်ဖွင့် ထားပြီး အိမ်ကြီးနှင့် အတန်ငယ်ဝေးသည့် ရပ်ကွက်ထဲတွင်နေပါသည်။ ဖေဖေနှင့် မေမေက ဘယ်တော့မှ ညှိယူကြမည် မဟုတ်တာတော့ သေချာပါသည်။ ကျွန်တော့် သာ ဖေဖေနှင့် မေမေဟု သတ်မှတ်ထားသော်လည်း သူတို့နှစ်ယောက်နှင့် တခြားသူများ၏ အမြင်တွင်တော့ ဩဇာညောင်းသည့် ဥက္ကဌကြီးနှင့် သန်မာသည့် single mother အဖြစ်သာ သတ်မှတ်ထားကြသည်။

မနက်စာကို ဖေဖေနှင့် အတူတူစားပြီး ဟိုတယ်တွင် အလုပ်လုပ်သည်။ နေ့လည်စာကိုတော့ ကျွန်တော် ချစ်သည့် သူနှင့် စားသည်။ ညစာကိုတော့ မေမေနှင့် အတူတူစားပြီး မေမေ့အိမ်တွင်သာ အိပ်စက်ဖြစ်သည်။ ကျွန်တော်ကသာ ကြားထဲက လိုက်လျောညီထွေဖြစ်အောင် နေပေးနိုင်သေးသ၍ အဆင်ပြေသည်။ မေမေသာ တောင်ကြီးကို လိုက်နေပေးယုံနှင့်သာ ကျေးဇူးတင်နေပါပြီ။

"ဟယ်လို သီဟ..."

အိမ်ကြီး၏ ပြတင်းပေါက်မှ နေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေရသည်က ကြည်နူးစရာကောင်းသည့် မြင်ကွင်းပင်။ အပြာနုရောင် ဝတ်စုံပြည့်က ကျွန်တော်နှင့် သိပ်နေသားကျပုံ မရသေး။ နာရီလေးကတော့ နှစ်တွေကြာသွားသော်လည်း မပြောင်းလဲဘဲ နေရာယူထားမြဲ။
ကျွန်တော်၏ ဥက္ကဌသား သူငယ်ချင်းက ကျွန်တော့်ကို မမေ့သေးပေ။

He is my ExWhere stories live. Discover now