4

247 9 0
                                    

"ငါ ဘယ်သူ့ကိုမှ အလျှော့ပေးတော့မှာ မဟုတ်ဘူး၊ ဘယ်သူပဲဖြစ်ဖြစ် "

နားထဲတွင် ထပ်ခါထပ်ခါ ကြားနေသည့် စကားတစ်ခွန်း...

သူ ဘာကို ဆိုလိုချင်ပါလိမ့်....

ကိုယ်ကြိုက်နေရင်လည်း ကိုယ့်ဘာသာကိုယ် အေးဆေးလိုက်ပါလား...အေးဆေးနေနေသည့် ကျွန်တော့်ကို လာရှုပ်နေသေးသည်။

ဟင်းတူးသည့် အနံ့ရလာမှ ကျွန်တော် သတိပြန်ဝင်လာသည်။ အခု မီးဖိုချောင်ထဲ ရောက်နေတာ ဖြစ်ပြီး ကြက်ဥကြော်နေမှန်း သတိရလာသည်။ မီးကို အမြန်ပိတ်လိုက်ပြီး မေမေမသိအောင် ကြိုးစားရမည်။ ကြက်ဥကြော်ကို ပန်းကန်ထဲ အမြန်ပြောင်းထည့် နေစဥ်

"ထူးငယ် တစ်အိမ်လုံး ညှော်နေတာပဲ မနက်ခင်းကို ကြက်ဥ မီးတူးနဲ့ ကြိုဆိုနေတာလား "

မေမေဘယ်အချိန်က နိုးနေမှန်းမသိ...ကျွန်တော် နားကို နီနေအောင် ပွတ်မိသွားပြီးမှ

"ကျွန်တော် မီးတင်တာ နည်းနည်း များသွားလို့ပါ...."

ကျွန်တော် ကိုင်ထားသည့် ဒယ်အိုးကို ဆေးရန် လှမ်းယူနေသည်။

"ညက ဘယ်နှနာရီ ပြန်လာတာလဲ "

"၈နာရီ...စောပါတယ် မေမေ"

ဒါနဲ့ ညက အမူးသမားက ကောင်းကောင်းရော ပြန်ရောက်သလား မသိ....

"သား ရည်းစား ရနေပြီလား"

ခွမ်း....

ကျွန်တော် ကိုင်ထားသည့် ပန်းကန် ကျကွဲသွားသည်။ ကျွန်တော် အစောကြီး ထားပြီး ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်သွားပြီ....

"ကျွန်တော် ပြန်သိမ်းလိုက်မယ် "

"နှမျှောမနေနဲ့ ဒီလောက်မဲတူးနေမှတော့ စားလို့မရတော့ဘူး "

ပန်းကန်အကွဲများကို ကျွန်တော် ပြန်သိမ်းရင်း

"ဘယ်သူလည်း မနေ့က မွေးနေ့ရှင်လား "

ဘာလို့ တလောကလုံးက ကျွန်တော် ရည်းစားရနေသည်ဟု ထင်နေကြသလဲ မသိ။ သစ်ရွက်လှုပ်ရင်တောင် ရယ်တတ်သည့် အရွယ်ပင် မည်သို့ ကျော်လွန်သွားမှန်း မသိပါ။

He is my ExWhere stories live. Discover now