33

183 6 0
                                    

အေးစိမ့်စိမ့် တိုက်ခန်းလေးကို ကျွန်တော် စိမ်းသက်နေယုံမှ လွဲ၍ အကုန်အဆင်ပြေပါသည်။ နေရာအသစ်၊ ဘာသာစကားအသစ်တွင် ကျွန်တော် နေသားကျအောင် မနည်းကြိုးပမ်းနေရသော်လည်း အခြားသူများကို မထိခိုက်စေသေး၍ တော်သေးသည်။ မကွေးတွင် နေစဉ်က မေမေနှင့် နေလျှင် ဖေဖေက မကြည်၊ ဖေဖေနှင့် အလုပ်အတူတူလုပ်မိလျှင် မေမေက ဆူချင်သည်။
အခုတော့......

မေမေလည်း စိတ်ချမ်းသာသည်။ ဖေဖေလည်း ကျွန်တော် လင်းနှင့် ဝေးနေ၍ စိတ်ပျော်ရွှင်နေသည် ထင်သည်။ ချိုသာသော စကားသံလေးများကို နှစ်ဦးလုံး ထံမှ ကြားရသည်။

အနည်းဆုံးတော့ လင်းလည်း ဒုက္ခရောက်မည်မထင်။ ဒုက္ခပေးမည့် ကျွန်တော်က အဝေးတွင် ရောက်နေ၍ ဖြစ်သည်။ ဖုန်းဆက်တာတော့ မရှိ။ အဲ့သည် ညက ကိစ္စနှင့် ပတ်သတ်၍ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်များ ဖြစ်နေလေသလား။

ယခုတော့ ကျွန်တော် နေသည့် နေရာကို ဝဏ္ဏတစ်ယောက်တည်းသာ သိပါသည်။ ကျွန်တော် မသိသည့် ကိစ္စများကို ဝဏ္ဏအား အကူအညီတောင်းရန် အဆင်ပြေသည့် အတွက် တော်ပါသေးသည်။

စာလုပ်ရတာ အနည်းငယ် ငြီးငွေ့လာပြီ။ ကျွန်တော်က သင်တန်းနှင့် အိမ်က လွဲ၍ တခြားနေရာသို့ လျှောက်သွားခြင်းလည်း မရှိ။ ပိတ်ရက်ရောက်တိုင်း အခန်းထဲတွင်သာ ပိတ်မိနေသည်။ ကျွန်တော်ချစ်ရသူများနှင့် ရေမြေခြားခဲ့သည်မှာ ၆လ ပင်ပြည့်ပြီ။ နောက်ထပ် လအနည်းငယ် ထပ်နေပြီးလျှင်တော့ သင်တန်း ပြီးဆုံးတော့မည်။

ဖုန်းမြည်သံ.....

သေချာပေါက် ဝဏ္ဏပင်။ ကျွန်တော် တစ်ခါတလေ ချက်စားဖြစ်သော်လည်း ယနေ့တော့ စားကောင်းမည့် အရာတစ်ချို့ မှာထားသည်။

"ဟယ်လို ဝဏ္ဏ...."

"မင်းဘာ စားချင်တာလဲ"

"ရပါတယ် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

"ဒါပေမဲ့ ငါ အစည်းအဝေးရှိသေးလို့ ပို့ပဲပို့ပေးလိုက်တော့မယ်"

"အွန်း...အွန်း....."

အမြဲတမ်း ဒုက္ခပေးနေတော့လည်း ဘယ်အဆင်ပြေလေမလဲ။ ဝဏ္ဏလုပ်တာတော့ ကောင်းတာပဲ ဖြစ်လောက်မည်ဟု တွေးမိသည်။

He is my ExWhere stories live. Discover now