18

177 5 0
                                    

"တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့ လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ အဆင်းတက်ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ တောင်ပြာတန်းတွေစီးလို့ကာ

မွေးရပ်မြို့လေးဆီ ရောက်ဖို့နီး တွေးပျော်နေပြီ မိဘနဲ့ အမျိုးအဆွေအားလုံးကို အပေါင်းအသင်း ရောင်းရင်းများ ဝမ်းသာလိူ့ဆုံးတော့ပေ ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေ"

လင်းခေးမြို့ဝင် အဝင်သီချင်းက နားဝင်ချိုမြလှသည်။ သာယာချိုအေးသည့် ဤသီချင်းကို ​ကျွန်တော် ကြိုက်ပါသည်။ လင်းက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွဲရန်အတွက် ဖွင့်ထားခြင်းပင်။

ယခု ကျွန်တော်တို့ လင်းခေးကို မသွားသော်လည်း ခရီးနှင့်လည်း လိုက်ဖက်သည်။ သို့သော် ကျွန်တော်ကို စောင့်ကြိုနေမည့် မိဘနှင့် အမျိုးအဆွေ၊ အပေါင်းအသင်း ရောင်းရင်းများလည်း မရှိပေ။ ကျွန်တော်ကသာ စိတ်ဖြောင့်ဖြောင့်နဲ့ ထားရစ်ခဲ့ခြင်း။

ကျွန်တော်က ကိုယ့်အတွေးထဲတွင် လွင့်မြောနေသဖြင့် လင်းကို ဘာတစ်ခွန်းမှ မပြောဖြစ်။

တောင်ကြီးမြို့သို့ သွားသည့် လမ်းက အလွန်လှလွန်းသည်။ အနိမ့်အမြင့် အတက်အကျများ၊ အကွေ့အကောက်များလမ်းများက ကျွန်တော့်ကို စိတ်ကြည်လာစေသည်။

ကျွန်တော် ခေါင်းညိမ့်လိုက်သည်နှင့်တစ်ပြိုက်နက်၊ ဆေးရုံဆင်းဆင်းချင်း တောင်ကြီးသိို့ လိုက်ပို့ရန် အမိန့်တစ်ခုပေးလိုက်ပြီးသား။ ဦးကတော့ အနည်းငယ်နေရဦးမည်ဟု ဆိုပါသည်။

He is my ExWhere stories live. Discover now